ဒီကားကတော့ နာမည်ကြီးမင်းသား ပဲ့အာရတ်နဲ့ ရေပန်းစားနေတဲ့မင်းသမီး တိုရဲ့ ဟာသကားလေးပါဂျပန်မှာနေထိုင်တဲ့ အွန် ဆိုတဲ့ ညီမလေးရဲ့ မင်္ဂလာဆောင်ကို သူ့အစ်ကိုဖြစ်တဲ့ ဦးဇင်းပဲ့ကသူ့ကျောင်းဒကာတွေနဲ့အတူ ဂျပန်ကို သွားရောက်ဖို အကြောင်းဖန်လာခဲ့ပါတယ်ဂျပန်စရောက်ရောက်ချင်း ဂယက်များစွာနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဦးဇင်းပဲ့တိုအဖွဲက သူ့ညီမလက်ထပ်မဲ့သူကသာမာန်လူမဟုတ်ဘဲ ဂျပန်ဘုန်းကြီးဖြစ်နေလို ပိုအံ့အားသင့်ခဲ့ရပါတယ်ဂျပန်ဘုန်းကြီးတွေက ထိုင်းဘုန်းကြီးတွေနဲ့မတူဘဲ သာမာန်လူလို မိန်းမယူ ကလေးမွေး အကုန်လုပ်နိင်တာကို ထူးဆန်းနေတဲ့အပြင်အတိတ်ဇာတ်ကြောင်းမကောင်းခဲ့တဲ့ ဂျပန်ဘုန်းကြီးနဲ့ သူ့ညီမ လက်ထပ်မှာကို လုံးဝလက်မခံနိုင်တာမိုဂျပန်ဘုန်းကြီးတွေရဲ့ နေထိုင်မှုတွေကို အံ့အားသင့်စွာ မြင်တွေ့ရမဲ့အပြင်အွန် က လက်ထပ်ပွဲကို ကျင်းပနိုင်မလားသူ့အစ်ကိုကပဲ လက်ထပ်ပွဲကို တားနိုင်မလား ဆိုတာဟာသအနှောတွေနဲ့ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ…..