ဒီကားလေးကတော့ ထွက်ထားတာအတော်လေးကိုကြာပြီဖြစ်ပေမဲ့ ကြည့်ရတာဆွဲဆောင်မှုရှိပြီး အခုခေတ်ထိကို ရေပန်းစားနေတုန်းဖြစ်တဲ့ စုံထောက်ကားလေးဖြစ်ပါတယ်ဗျဒီဇာတ်ကားလေးရဲ့ အကြောင်းအရာကတော့ ဇာတ်ကားရဲ့ MC ဖြစ်သူ ဖိလစ်မာလိုလ်ဟာ အလွတ်စုံထောက်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုသေချာလေးကြိုးစားလုပ်ကိုင်တဲ့သူပါ။တစ်နေ့မှာသူ့ကို မူးစ်မာလွိင်ဆိုတဲ့ လူကောင်ကြီးတစ်ယောက်က ၈ နှစ်ကြာကွဲသွားပြီး အဆက်အသွယ်မရတော့တဲ့ သူ့ကောင်မလေးကို ရှာဖွေပေးဖို စုံထောက်လာငှားပါတော့တယ်။တစ်ဖက်မှာလည်း စော်ပွေကောင်ဖြစ်တဲ့ မာရီယော့ ဆိုတဲ့သူကလည်း ကျောက်မြတ်ရတနာတစ်ခုကို အရောင်းအဝယ်လုပ်ဖို့ မာလိုလ်ကိုအကူအညီလာတောင်းတော့တယ်။ဒီလိုနဲ့ပဲလိုက်လာပေးရင်း အရောင်းအဝယ်လုပ်ဖိုချိန်းဆိုထားတဲ့နေရာမှာ မာရီယော့ဟာသတ်ခံလိုက်ရတယ်။ဒါကို ဒိုရဲ့စုံထောက်ကြီးက အမှုလိုက်လံရှာဖွေရင်းမာလွိင်နဲ့ဆက်စပ်နေတာကိုသိလိုက်ရတယ်။ဒီအမှုကို နစ်သထက်နစ်အောင်ဆက်ရှာဖွေတော့ ရှုပ်ထွေးတဲ့ဟန်ဆောင်လှည့်စားမှုတွေကြားထဲကို ကစားသမားအဖြစ်ဝင်ရောက်လာပြီးမာလိုလ်ရဲ့ဘဝကလည်းဘယ်လိုရင်ဆိုင်မှုမျိုးတွေနဲ့ ကြုံတွေ့လာရမလဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်။