Wandering Days HD

Wandering Days

Drama Romance HD 2022-11-14 8.3 0 Min

ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် အိမ်အဟောင်းကြီးတစ်ခုထဲကိုဟွမ်ရွှမ်းနဲ့ လော်ကျိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ဝင်စပ်စုကြည့်ရာကနေလွန်ခဲ့တဲ့ 18 နှစ်က အသက်18နှစ်အရွယ်ကောင်မလေးရဲ့ ဒိုင်ယာရီစာအုပ်နဲ့အတူ ဓာတ်ပုံကိုပါ တွေ့ရှိခဲ့ပါတယ်ထို့နောက် အဲ့အခန်းကို ဟွမ်ရွှမ်းက သူ့ပန်းချီဆွဲခန်းအဖြစ် ပြောင်းလဲပြီးဒိုင်ယာရီထဲက ဇာတ်ကောင်တွေနဲ့ ဇာတ်ဝင်ခန်းတွေကို ပုံဖော်ပြီးအမြဲပန်းချီဆွဲနေလေ့ရှိပါတယ် တက္ကသိုလ်ဝင်တန်း မအောင်တဲ့သူ့အတွက်ကတော့အားနေခဲ့တာပေါ့ ဒီလိုနဲ့ ဆွဲပြီးသွားတဲ့ ပန်းချီတွေကို သူတို့မြို့ရဲ့ တက္ကသိလ်တစ်ခုဖြစ်တဲ့အနုပညာပြခန်းမှာ တစ်ချပ်ကို 10 ယွမ်နဲ့ပြန်ရောင်းခဲ့ပါတယ်လုံခြုံရေးတွေကတော့ သူ့ကို အမြဲအပြင်ဆွဲထုတ်‌ေခါ်သွားလေ့ရှိပါတယ်တစ်ရက်မှာတော့ အနုပညာဌာနမှူးဖြစ်သူက အဲ့ဒီ18နှစ်အရွယ် ကောင်မလေးပုံကို မြင်ပြီးသူ့ကိုဆက်သွယ်လာပါတော့တယ် နောက်ပိုင်းမှာလည်း သူ့ကိုပန်းချီဆွဲနည်းတွေ သင်ပေးရင်း ဟွမ်ရွှမ်းတစ်ယောက် ဆရာမကို ချစ်နေမိသွားခဲ့ပါတယ်ဆရာမဆိုသူကလည်း တခြားသူတော့မဟုတ်ပါဘူး အဲ့ဒီ ဒိုင်ယာရီပိုင်ရှင်ကောင်မလေးပဲဖြစ်ပါတယ်အဲ့တော့ ဒီဟာက တိုက်ဆိုင်မှုပဲလား တမင်သက်သက်ချဉ်းကပ်ခဲ့တာလား18နှစ်ကွာတဲ့ဆရာမကရော ကျောင်းသားဖြစ်သူရဲ့ အချစ်ကိုလက်ခံမှာတဲ့လားဆိုတာကိုတော့ဟွမ်ရွှမ်းတစ်ယောက် သူ့ဘဝရဲ့ ကြီးပြင်းလာခဲ့မှုဇာတ်လမ်းကြောင်းကိုပြန်ပြောပြနေသဖွယ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုလို့ရပါတယ်နော်