ကိုယ့်ရဲ့ ငယ်ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံပြီး အိုင်ဒေါအဖြစ် ပွဲဦးထွက်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ၏အများစိတ်ဝင်စားမှုကို မရလိုက်ဘဲ အဖွဲ့ဖျက်သိမ်းလိုက်ရတဲ့Love&Liz အဖွဲ့ဝင်ဟောင်း ဆူမင် (Choi Sung-Eun) နဲ့အီဆာရန်း (Ha Seo-Yoon) ၊ Five God Child အဖွဲ့ဝင်ဟောင်း ထယ်ဟီး (Hyun Woo Seok)…အမြဲ အေဂျင်စီက ခိုင်းသလိုပဲ လုပ်လာခဲ့ရတဲ့ သူတို့သုံးဦးဟာ အနားယူပြီးနောက်မှာ ဘာလုပ်ဘာကိုင်ရမလဲမသိဘဲလမ်းပျောက်နေပေမဲ့လည်း အားလပ်ချိန်ရှိသွားပြီဖြစ်တဲ့အတွက်ကျောင်းနေအရွယ်တုန်းက မသွားဖြစ်ခဲ့တဲ့လေ့လာရေးခရီးသွားဖို့ သုံးယောက်သား အစီအစဉ်ချဖြစ်သွားတဲ့အခါမှာတော့…သူတို့ရဲ့ ဂျယ်ဂျူကျွန်း ခရီးစဉ်လေးမှာဘယ်လိုတွေ အချိန်ကုန်ဆုံးကြမလဲ…ဘယ်လိုအမှတ်တရလေးတွေ ဖန်တီးကြမလဲဆိုတာကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ စိတ်အပန်းပြေဖွယ်ရိုက်ကူးပြထားတာမို့လို့ ဆူမင်၊ဆာရန်း၊ ထယ်ဟီးတို့ သုံးဦးနဲ့အတူ လိုက်ပါစိတ်အပန်းဖြေရင်းရုပ်ရှင်လေးကို ကြည့်ရှုပေးကြပါဦးနော်။