The Dream of the Red Chamber HD

The Dream of the Red Chamber

Drama HD 2024-08-16 8.3 120 Min

ဇာတ်လမ်းအကျဉ်းလေးကတော့….လင်သိုက်ယွီဆိုတဲ့ မွေးရာပါ ကိုယ်ခံအားနည်းသူ၊ ကံဆိုးသူလေးက သူ့မိဘနှစ်ပါးဆုံးပါးသွားချိန်မှာတော့ အားကိုးမဲ့စွာနဲ့ ကျာမိသားစုစံအိမ်ကြီးကိုရောက်လာတာပေါ့…红楼梦ဖတ်ဖူးသူတိုင်း သိပါတယ်… လင်သိုက်ယွီက ကျာပေါင်ယွီကို မျက်ရည်တွေပြန်လာဆပ်ရသူပါ…ဒီဗားရှင်းမှာလဲ မိုးပေါ်ကကျလာတဲ့ လင်ညီမလေး ဆိုပြီး ပေါင်ယွီဟာ အတိတ်ကံကြောင့်လားနတ်ဖူးစာလားတော့မသိ လင်ညီမလေးကို အချစ်ပို မေတ္တာလျှံကာ အလေးပေးနေခဲ့သလို…လင်ညီမလေးကလည်း ပေါင်ကိုကိုအပေါ် အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုသလိုသဝန်တိုအူတိုတာလေးတွေကို မြင်တွေ့ရမှာပါ…တစ်ဖက်မှာလည်း ပေါင်ယွီရဲ့ နတ်ရေးတဲ့ဖူးစာရှင် ပေါင်ချိုင်လည်း ပေါ်လာပြန်တယ်…ဗားရှင်းအားလုံးနဲ့ အတူတူနီးပါးမလို့ ထူးထူးထွေထွေမပြောတော့ဘူး…ဒီကားလေးမှာ ထူးခြားတာကတော့ ဒီစံအိမ်ကြီးထဲက အရှုပ်တော်ပုံတွေပါပဲ…လူမှုရေးပတ်သက်ပုံတွေနဲ့ ငွေကြေးရှုပ်ထွေးမှုတွေကြားမှာ ပေါင်ယွီနဲ့လင်သိုက်ယွီတို့ရဲ့ အချစ်ခရီးလေး ဘယ်လိုတွေကြမ်းတမ်းရတယ်ဆိုတာကို ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်