ဇာတ်လမ်းအစလေးကတော့…ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြားလန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်…တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်…အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီး ဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာနေထိုင်တဲ့သူဖြစ်နေတယ်…ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာအနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ သူသိထားပြီးဖြစ်နေတယ်..ဒီကိစ္စကို စာရေးဆရာသိသွားပြီးနောက်မှာ ကောင်မလေး အသတ်ခံရတဲ့အကြောင်းဖြစ်ရပ်မှန်ဝတ္ထုရေးဖို့ ကောင်မလေးကိုတောင်းဆိုရာကနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ…..။Amber Heard ရဲ့ Nudity အခန်းတွေ တော်တော်များများပါတဲ့အတွက် မိသားစုနဲ့တော့ကြည့်လို့မပြေပါဘူး။