Girls on Wire HD

Girls on Wire

Drama HD 2025-03-08 5.2 115 Min

ဘဝမှာတစ်ချို့အရာတွေကရွေးချယ်ခွင့်မရခဲ့ဘူး အထူးသဖြင့်ဘယ်လိုမိသားစုမှာမွေးဖွားလာမလဲဆိုတာရွေးချယ်လို့မရဘူး……မှားယွင်းတဲ့မိသားစုတစ်ခုမှာမွေးဖွားလာတဲ့အခါ လွတ်မြောက်ရာကိုပျံသန်းချင်ပေမယ့်ပျံသန်းခွင့်မရတဲ့ဘဝတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းကိုအရမ်းချစ်ကြတဲ့ညီအစ်မလေး(၂)ယောက်ကိုဇာတ်အိမ်တည်ပြီးတော့ချပြထားတဲ့ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးရန်ကနေရုန်းထွက်လာတဲ့ညီမလေးဟာလွန်ခဲ့တဲ့(၅)နှစ်တုန်းကပြတ်စဲခဲ့တဲ့အစ်မဆီကိုပြန်လာရှာခဲ့တယ်။အခက်အခဲတွေကြားမှာရုန်းကန်နေရတဲ့အစ်မဖြစ်သူကလဲညီမဖြစ်သူကိုလက်ခံဖို့အသင့်ဖြစ်မနေခဲ့ပါဘူး။ ဒါပေမယ့်အန္တရာယ်တွေတကယ်ကြုံလာတဲ့အခါမနေသာပဲ ညီမနဲ့အတူလက်တွဲရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးတော့သူတို့နှစ်ယောက်ရဲ့ကံကြမ္မာဟာပေါင်းစည်းသွားပါတယ်……၂၀၂၅ခုနှစ်ဘာလင်နိုင်ငံတကာရုပ်ရှင်ပြပွဲမှာဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။