တိုရှိဟိဒယ်ဆိုတဲ့ကောင်လေးဟာ အဘိုးဖြစ်သူနှင့်အတူ ဆေးခန်းလေးဖွင့်ကာ ဆေးကုနေတဲ့သူဖြစ်ပြီးသူဟာ ငယ်ငယ်က စိတ်ဒဏ်ရာတွေကြောင့်နဲ့ စိတ်ခံစားချက် သီးသန့်လေးပဲ နေတတ်တဲ့သူတစ်ယောက်ပါ။အာကိုဆိုတဲ့ကောင်မလေးကတော့ စိတ်ကျပြီးယောက်ျားကောက်ယူလိုက်တဲ့ကောင်မလေးမျိုးပါ။မင်္ဂလာဆောင်ပြီးခါစရှိသေးတယ် သူ့ခင်ပွန်းဖြစ်သူက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ သွားရပါတယ်။အဲဒီအချိန်မှာပဲ အာကိုရဲ့ အမြွှာညီမဖြစ်သူဆာကိုဆီကနေ ကြားခဲ့ရတဲ့ ပင်လယ်မြို့လေးကိုသွားရင်းတိုရှိဟိဒယ်နဲ့ ဆုံကြရပါတော့တယ်။ တိုရှိဟိဒယ်နဲ့ အာကိုတို့ တစ်အိမ်ထဲမှာအတူနေရင်း စိတ်ဒဏ်ရာကိုယ်စီရှိနေတဲ့စိတ်တွေကိုအချင်းချင်း ကုစားပေးရာကနေ သံဃောဇဉ်တွေ တွယ်လာခဲ့တဲ့အခါမှာတော့ ……..သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။