Khalipurse of Billionaires (2025) “တွက်ရေး စက်သူဌေး”အသစ်ထွက် မလေယာလမ်ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဘီလ်ဂိတ်လိုမျိုးအောင်မြင်ဖို့ဆိုပြီး အသည်းအသန်ကြိုးစားနေကြတဲ့ ဒါဆန်နဲ့ ဗီဂျေးဆိုတဲ့သူငယ်ချင်းနှစ်ယောက်။သုံးဘီးဆရာကစလို့ အလှူခံအဆုံး သူတို့နဲ့အကြွေးကင်းတဲ့သူမရှိ။သူတို့ကုမ္ပဏီ တစ်နေ့အောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့နီးစပ်ရာလူတွေကို ရှယ်ယာခွဲပေးမယ်ဆိုပြီး ပတ်ချေးထားကြတာလေကြိုးစားတဲ့သူပဲ ကျရှုံးရတာတဲ့။ မကျရှုံးချင်ရင် အစကတည်းကမကြိုးစားနဲ့လေဆိုတာလိုပဲ၊ကျရှုံးလာတိုင်း တိုက်ခန်းအပေါ်ထပ်တက်ပြီး အရက်ကလေးတမြမြနဲ့ စိတ်ထွက်ပေါက်ရှာကြတဲ့ သူငယ်ချင်းနှစ်ယောက်သူတို့လုပ်ငန်း တကယ်ပဲအောင်မြင်အောင် စွမ်းဆောင်နိုင်မလားဆိုတာ ဟာသနှောပြီးတင်ဆက်ထားတာမို့ခံစားကြည့်ရှုကြပါဦး။