မြောက်ကိုရီးယားက ပြည်နယ်သံစုံတီးဝိုင်းမှာ Horn တီးမှုတ်တဲ့ ဂင်ဆွန်းဟို (ချာဆွန်းဝမ်) ဟာသူ့မိသားစုနဲ့အတူ ငြိမ်းချမ်းစွာ နေထိုင်ရင်း ချစ်ရတဲ့ ယွန်းဟွာ (ဂျိုယီဂျင်း) နဲ့ အနာဂတ်ကို ပုံဖော်နေသူဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားမှာရှိတဲ့ ဆွန်းဟိုရဲ့အဘိုးဖြစ်သူနဲ့စာအဆက်အသွယ်လုပ်တာကို မြောက်ကိုရီးယား လျှို့ဝှက်ဝန်ဆောင်မှုဌာနက သိရှိသွားတဲ့အခါ သူတို့မိသားစုဟာ အဘိုးရှိရာ တောင်ကိုရီးယားကို ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်တောင်ကိုရီးယားကို ခက်ခက်ခဲခဲ ရောက်ရှိလာပြီးနောက် အဘိုးဖြစ်သူက ဆုံးပါးသွားခဲ့ရာ ဆွန်းဟိုတို့ မိသားစုဟာလည်းအရာအားလုံးကို အစကနေ ပြန်လည်တည်ဆောက်ရပါတော့တယ်မြောက်ကိုရီးယားမှာ ချန်ထားခဲ့ရတဲ့ ချစ်သူယွန်းဟွာကိုလည်း တောင်ကိုရီးယားကို ခေါ်ဆောင်လာဖို့ ကြိုးစားပုံ၊မိသားစုဝင်တွေကြားက ပဋိပက္ခတွေနဲ့ ကိုရီးယားနိုင်ငံ နှစ်ခြမ်းကွဲမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလူမှုရေးရှုထောင့်ကနေ ပုံဖော်ပြသထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။“Over the Border” ဟာ ဒရာမာဆန်ပြီး စိတ်ခံစားမှု ပြင်းထန်တဲ့ ဇာတ်ကားကို ကြိုက်နှစ်သက်သူတွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်တာကြောင့် ကြည့်ရှုခံစားကြဖို့ တိုက်တွန်းချင်ပါတယ်။