ဇာတ်လမ်းအကျဉ်းကတော့ အဖေဖြစ်သူဆုံးသွားတဲ့အတွက် ကာလ်ဟာအိမ်ထောင်ဦးစီးဖြစ်သွားတယ်။ကာလ်ဟာဇနီးဖြစ်သူကက်ဆီနဲ့အိမ်ထောင်ကွဲထားပြီးသားဖြစ်သူကိုအလှည့်ကျစောင့်ရှောက်ရတဲ့တာဝန်ကိုယူထားရတယ်။ဖခင်ဖြစ်သူမသေဆုံးခင်မှာ လယ်ယာစိုက်ပျိုးရေးအတွက် ဘဏ်ကနေပိုက်ဆံချေးယူခဲ့ပြီးမဆပ်နိုင်တဲ့အတွက် ကာလ်တို့မိသားစုတို့အတော်လေး ဒုက္ခရောက်နေတယ်။သူတို့မိသားစုကဟာဒီလယ်မြေကိုပဲအားထားပြီးရှာဖွေစားနေရတဲ့အတွက်အခုလိုကြုံတွေ့ရတော့ကမ္ဘာပျက်သလိုဖြစ်နေရတယ်။ဒါ့အပြင် ကာလ်တို့လယ်ရဲ့အသီးအနှံထွက်နှုန်းကျဆင်းမှုကလည်းကာလ်ကိုငရဲတွင်းထဲထပ်ဆွဲချလိုက်သလိုပဲ။ဒါပေမယ့်ရှောင်လွဲလို့မရတဲ့ ဒီအခြေအနေကိုကာလ်တစ်ယောက်ဘယ်လိုရင်ဆိုင်မလဲဆိုတာကြည့်ရှူပေးပါဦး။