Through a Glass Darkly HD

Through a Glass Darkly

Drama HD 1961-10-16 7.762 91 Min

ဒီကားလေးကတော့ ရှေးခေတ်ကားလေးတွေလို black and white ကားလေးဖြစ်ပြီး အေးဆေးလေးစိတ်ပြေလက်ပျောက် ဇာတ်ကားကြည့်ရင်းအနားယူချင်တဲ့သူတွေအတွက်ကြည့်လိုကောင်းမဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဗျ။ဇာတ်လမ်းလေးကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ကားလေးဖြစ်တာကြောင့် ကြည့်နေရင်းမသိလိုက်ခင်မှာပဲ အာရုံကိုဖမ်းစားနိုင်တဲ့ဇာတ်ကားကောင်းလေးပဲဗျ။ဇာတ်လမ်းလေးရဲ့အကြောင်းအရာက ဆရာဝန် Martin နဲ့ Karina ဆိုတဲ့လင်မယားဟာ တစ်နေ့မှာကောင်မလေးရဲ့အဖေဆီအပန်းဖြေအနားယူဖိုသွားကြတယ်။Karina ရဲ့ အဖေဖြစ်တဲ့ David ဟာစာရေးဆရာဖြစ်ပြီးတော့ သူ့ဆီမှာလျှို့ဝှက်ချက်တွေဟန်ဆောင်မှုတွေကို စကားပြောမျက်နှာထားဟန်ပန်နဲ့ ဖုံးကွယ်ထားပြီး‌နေ နေတာကို တွေ့ရတယ်။Minus ဆိုတဲ့မောင်ဖြစ်သူတစ်ယောက်လည်းရှိသေးတယ်။ဒီကောင်လေးကတော့ လူပျိုဝင်ခါစဆိုတော့ အမြဲတမ်း Karina ကို ရန်ရှာလိုက် လေသံမာမာနဲ့ပြန်အော်လိုက်လုပ်နေတော့တယ်။ဒီလိုရှုပ်ထွေးနေတဲ့မိသားစုတွေဟာ လာဆုံနေကြပြီး Karinaဆီမှာလဲ စိတ်ရောဂါတစ်ခုရထားလို့ ကုသမှုခံယူနေတယ်။ဟောဒီအချိန်မှာ Karina ဟာ သူ့ရဲ့စိတ်ရောဂါပြဿနာကိုဘယ်လိုဖြေရှင်းမလဲ၊ ဘာတွေထင်ယောင်ထင်မှားတွေ မြင်နေရလဲ၊အမှားလားအမှန်လားမခွဲခြားနိုင်တဲ့အကြောင်းကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ကြည့်လိုက်ကြရအောင်။