Zero Effect HD

Zero Effect

Comedy Crime Drama Mystery HD 1998-01-30 6.23 116 Min

ဒါးရ်လ်ဇီးရိုးလို့အမည်ရတဲ့ ပုဂ္ဂိုလ်က သူ့လောကမှာဆိုရင် ထိပ်တန်းအလွတ်တမ်းစုံထောက်တစ်ယောက်အနေနဲ့ နာမည်ကြီးတဲ့သူပါ။သူက ဘယ်တော့မှ သူ့ရဲ့သရုပ်မှန်အမည်မှန်ကိုမပြဘဲသူ့ရဲ့လက်ထောက်ဖြစ်တဲ့ အာလိုကနေပဲတစ်ဆင့် အမှုသည်တွေနဲ့ ဆက်သွယ်စကားပြောပြီး သူတို့ပြဿနာတွေကို အမြန်ဆုံးနဲ့ အသေသပ်ဆုံးဖြေရှင်းပေးနိုင်တဲ့အတွက် နာမည်ကြီးနေတဲ့သူပါ။ဒါပေမဲ့ဖြစ်ချင်တော့ ဒါးရ်လ်က သူ့အလုပ်မှာအရမ်းတော်ပေမယ့် social စကေးကလည်းမကောင်း၊ အားတဲ့အချိန်မှာ ရေးတဲ့သီချင်းကလည်း အရမ်းငြီးငွေ့ပြီးဆိုးရွားလွန်းတဲ့အတွက် သူ့လက်ထောက်အာလိုတစ်ယောက် တစ်ခါတစ်လေကျ စိတ်ပျက်နေရသူပါ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာတော့ လူချမ်းသာတစ်ယောက်ကို အမည်မသိပုဂ္ဂိုလ်တစ်ယောက်က ခြိမ်းခြောက်လာပါတယ်။ဇီးရိုးဟာဂရေဂိုရီစတာ့ခ်လို့ခေါ်တဲ့ လူချမ်းသာတစ်ယောက် သူ့ရဲ့လုံခြုံရေးသေတ္တာသော့ပျောက်သွားတဲ့အပြင်မှာ တစ်ချိန်က စတာ့ခ်ရဲ့ ရန်ဘက်တော်ဖြစ်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ကသူ့ကိုခြိမ်းခြောက်အကြပ်ကိုင်လာတာကို ဖြေရှင်းပေးဖို့ဖြစ်လာပါတယ်။ဇီးရိုးတစ်ယောက် စတာ့ခ်ရဲ့အမှုကိုဖြေရှင်းပေးတဲ့တစ်လျှောက် ဘယ်လိုအတွေ့အကြုံ အလှည့်အပြောင်းမျိုးစုံနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။