Wall to Wall HD

Wall to Wall

Drama Thriller HD 2025-07-17 5 118 Min

သာမန် ရုံးဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ အူဆောင်း (Kang Ha-Neul) ဟာ ဘဝတစ်လျှောက်လုံးအိပ်မက်မက်ခဲ့ရတဲ့ ကိုယ်ပိုင်တိုက်ခန်းတစ်ခန်းကို သူ့အသက် ၃၀ ကျော်အရွယ်မှာ ဝယ်ယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဝမရှိဘဲ ဝိလုပ်ချင်သူ အူဆောင်းတစ်ယောက် တိုက်ခန်းဝယ်နိုင်ဖို့ ချေးငွေတွေအများကြီးယူခဲ့တာကြောင့် အခုအချိန်မှာတော့ အတိုးပြန်ဆပ်နိုင်ဖို့ကိုတောင်မနည်းရုန်းကန်နေရရှာပါတော့တယ်။တစ်နေ့မှာတော့ သူဝယ်ထားတဲ့တိုက်ခန်းရဲ့အပေါ်ထပ်နဲ့ အောက်ထပ်ကနေ အမည်မသိတဲ့ ဆူညံသံတွေ တရစပ်ကြားလာရပြီးဘယ်လိုမှ အိပ်မရအောင်အထိ နေ့စဥ်ရက်ဆက် ဖြစ်လာလို့သည်းမခံနိုင်တော့တဲ့အဆုံးတိတ်တိတ်နေပေးဖို့ ကိုယ်တိုင်သွားပြောလိုက်ပေမဲ့ အဲဒီဆူညံသံတွေက သူ့တိုက်ခန်းကနေထွက်လာတာဖြစ်ကြောင်း နေထိုင်သူအားလုံးဆီကနေ ရုတ်တရက်ကြီးဝိုင်းစွပ်စွဲခံလိုက်ရတဲ့အခါမှာတော့…အူ​ဆောင်းတစ်ယောက် သူမဟုတ်ကြောင်း သက်သေပြဖို့အတွက် အပေါ်ထပ်ကဂျင်ဟို (Seo Hyun-Woo) ဆိုသူနဲ့ ပူးပေါင်းပြီး ဆူညံသံရဲ့အရင်းအမြစ်ကိုရှာဖွေဖော်ထုတ်ရင်းဘယ်လိုဆန်းကြယ်တဲ့ဖြစ်ရပ်တွေဖြစ်ပေါ်လာမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုလိုက်ရအောင်ပါနော်။