ရှဲရက်ဖ်၊ လူးဝစ်နဲ့ တိုနီတို့ သုံးယောက်ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ် တစ်ခုစာလောက်က အခုလက်ရှိ လူဖြူတွေလိုမျိုးပဲ ထိုင်းမှာခဏတာသွားပြီး ပျော်ပါးခဲ့ကြပါတယ်။ထိုင်းရဲ့ tourist တွေကိုဆွဲဆောင်ချက်အလျောက် အမျိုးသမီးတွေ ဆေးခြောက်တွေကတော့ လူဖြူတွေကြားမှာ တမ်းတမ်းစွဲပါပဲ။တစ်နေ့မှာတော့ ရှဲရက်ဖ်တို့ သူငယ်ချင်းသုံးယောက်ဟာ ဆေးခြောက်တွေကို စျေးတော်လို့ဆိုပြီးဂရမ်အများကြီးဝယ်စုထားခဲ့ကြပါတယ်။ဖြစ်ချင်တော့ သူတို့ရဲ့ မွေးရပ်မြေ အမေရိကကို ပြန်ချိန်ရောက်လာပေမယ့် ဆေးခြောက်ကို သုံးလို့မကုန်တဲ့အတွက် ထိုင်းတစ်ဝိုက်မှာပဲဆက်နေပြီးတောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးလုပ်မယ့် တိုနီနဲ့ သူတို့ဝေါ်ကီးတွေကိုချန်ခဲ့လိုက်ပါတယ်။ကံမကောင်းစွာနဲ့ဘဲ တစ်ချိန်ကထိုင်မှာရှိနေစဉ်ရှဲရက်ဖ်တစ်ယောက် စက်ဘီးငှားပြီး ငှားထားတဲ့ဟာကိုလမ်းတစ်လျှောက်လုံးပြန်သယ်သွားရမှာစိုးပြီး လွှတ်ပစ်လိုက်တာကို အဲဒီပိုင်ရှင်က ရဲခေါ်ပြီး ရှဲရက်ဖ်တို့နေခဲ့တဲ့ တိုနီတစ်ယောက်ထဲပဲကျန်နေခဲ့တဲ့အိမ်ကို ရဲတွေခေါ်လာတဲ့အခါမှဆေးခြောက်တွေအများကြီးကိုဖမ်းမိသွားပါတယ်။အဲဒီတုန်းက ဆေးခြောက်တွေကိုဆိုတာ ထိုင်းမှာသုံးလို့ရပေမယ့် ဂရမ်အများကြီးဖြစ်နေရင် ရောင်းဝယ်ဖောက်ကားမှုပုဒ်မနဲ့ဖမ်းဆီးခံရတတ်ပါတယ်။ဒီလိုနဲ့တိုနီဟာ ထိုင်းရဲတွေရဲ့ဖမ်းဆီးခြင်းကို ခံရပြီး သူ့သူငယ်ချင်းတွေက ထိုင်းပြန်လာပြီး သူတို့အပြစ်ကို သူတို့အထိုက်အလျောက်လာမခံရင် တိုနီဟာ နောက်ဆုံးမှာအကြီးဆုံးပစ်ဒဏ်နဲ့တရားစီရင်ခံရဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ တစ်ချိန်က သူတို့အတွက် နတ်ပြည်ဖြစ်တဲ့ ထိုင်းနိုင်ငံဆီကို ရှဲရက်ဖ်နဲ့ လူးဝစ်တို့ ဘယ်လိုပြန်သွားကြမလဲဆိုတာ ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။