Phantom Detective HD

Phantom Detective

Action Drama HD 2016-05-04 6.811 125 Min

ဟုံးဂီဒုံ(Lee Je-Hoon)ဟာ .. ဥက္ကဌဟွမ်(Go Ara) တည်ထောင်ထားတဲ့ တရားမဝင်စုံထောက်အေဂျင်စီမှာပုဂ္ဂလိကစုံထောက်ခေါင်းဆောင်အဖြစ် လုပ်ဆောင်နေသူပါ။အမှုမှန်သမျှကို တစ်ခဏအတွင်းဖြေရှင်းနိုင်ပြီး တစ်နာရီအတွင်း မရှာနိုင်တဲ့လူမရှိအောင်ထက်မြက်တဲ့ဟုံးဂီဒုံဆီမှာ နှစ်ပေါင်း၂၀ကြာ ရှာမတွေ့နိုင်တဲ့လူတစ်ယောက်ရှိပါတယ်။အဲဲဒီလူကတော့ ငယ်စဥ်ဘဝက သူ့မျက်စိရှေ့မှာတင် သူ့အမေကိုသတ်သွားခဲ့တဲ့ ဂင်ဗြောင်ဒေါ့ဆိုတဲ့လူပါ။တစ်နေ့မှာတော့ ဂင်​ဗြောင်ဒေါ့ရှိတဲ့နေရာကို သိလို​က်ရပြီး လက်စားချေဖို့ရောက်လာတဲ့အခါမှာတော့ဂင်ဗြောင်ဒေါ့ဟာ ထူးဆန်းတဲ့လူတစ်စုရဲ့ ပြန်ပေးဆွဲတာခံလိုက်ရပြီး မြေးမလေးတွေဖြစ်တဲ့ ဒုံအီနဲ့မာဆွန်းသာ ကျန်နေခဲ့တာကို တွေ့လိုက်ရပါတယ်။ပါးစပ်နားရောက်ခါနီးမှ ရိုက်ချခံရသလို ခံစားလိုက်ရတဲ့ ဟုံးဂီဒုံတစ်ယောက် ကလေးမလေးနှစ်ယောက်ကိုမြင်လိုက်ပြီးနောက်မှာတော့ တစ်ပုံစံတည်းလက်စားပြန်ချေဖို့အတွက် ကလေးမလေးနှစ်ယောက်ကို“အဘိုးကို ရှာပေးမယ်”လို့ လိမ်​ညာခေါ်ဆောင်ပြီး ဂင်ဗြောင်ဒေါ့ရှာပုံတော် စဖွင့်ပါတော့တယ်။ဒီလိုနဲ့ အဘိုးကြီး​ပြန်ပေးဆွဲခံရမှုက စုံထောက်ကျော် ဟုံးဂီဒုံထင်နေသလို မလွယ်ကူနေဘဲ နောက်ကွယ်မှာလျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ ..တွေ့တာနဲ့ သတ်ဖို့ကြံစည်ထားတဲ့ ဟုံးဂီဒုံနဲ့ .. အဘိုးမရှိလို့မဖြစ်တဲ့ မြေးမလေးနှစ်ယောက်ကြားရှာပုံတော်လမ်းခရီးတစ်လျှောက် ဘယ်လိုအလွဲအချော်လေးတွေနဲ့ ကြုံတွေ့ရမလဲ …နောက်ကွယ်က အဖွဲ့အစည်းကြီးနဲ့ ဟုံးဂီဒုံတို့ကြားမှာရော ဘယ်လိုပတ်သတ်ဆက်နွှယ်မှုတွေရှိနေမလဲဆိုတာကိုလျှို့ဝှက်ဆန်းကြယ်စွာနဲ့ စိတ်ဝင်တစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။