Remember You HD

Remember You

Drama Mystery Romance HD 2016-01-07 8.2 106 Min

ဇာတ်လမ်းကတော့ ..ကိုယ့်ကိုယ်ကိုယ် လူပျောက်လာတိုင်တဲ့ ယွန်းဆော့ဝန်း ( Jung Woosung )နဲ့ စတင်ထားပါတယ် ။ရဲစခန်းမှာ ကိုယ့်ကိုယ်ကိုယ် လူပျောက်လာတိုင်ရတဲ့အထိ ဖြစ်နေတဲ့ ယွန်းဆော့ဝန်းဟာကားမတော်တဆမှုကြောင့် ၁၀ နှစ်တာ မှတ်ဉာဏ် ပျောက်ဆုံးနေတဲ့သူတစ်ယောက်ပါ ။သူ မသိလိုက်တဲ့ အဲဒီ ၁၀ နှစ်အတွင်းမှာပဲ သူဟာ ရှေ့နေတစ်ယောက် ဖြစ်နေခဲ့သလိုငယ်စဉ်တည်းက ကွဲကွာသွားတဲ့ မိခင်ဖြစ်သူနဲ့လည်း ပြန်ဆုံပြီးလျက်သား ဖြစ်နေခဲ့ပါတယ် ။နေ့စဉ်ဘဝကိုအဆင်ပြေပြေဖြတ်သန်းနေခဲ့ပေမဲ့ ယွန်းဆော့ဝန်းဟာ ဘာမှမသိတော့တဲ့ သူ့ဘဝကိုသူ မပိုင်သလိုပါပဲ ။ ဒီလိုအချိန်မှာ အလုပ်ပြန်လုပ်နိုင်ဖို့အတွက် စိတ်ရောဂါကုဆရာဝန်ဆီကနေထောက်ခံစာယူဖို့ လာခဲ့တဲ့ ယွန်းဆော့ဝန်းဟာ ဂင်ဂျင်ယောင်း ( Kim Haneul ) လို့ ခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ် ။အတိတ်မေ့နေတဲ့ ယွန်းဆော့ဝန်း နဲ့ လျှို့ဝှက်ချက်တွေများလွန်းပုံရတဲ့ ဂင်ဂျင်ယောင်းတို့ချစ်မိသွားတဲ့အခါမှာ တရိပ်ရိပ်နဲ့ ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေက သူတို့ အချစ်ရေးလမ်းခရီးမှာဘယ်လိုအနှောင့်အယှက်ဖြစ်လာမလဲ ။ယွန်းဆော့ဝန်းရဲ့ ပျောက်နေတဲ့ ၁၀ နှစ်တာအတွင်းမှာ အီဘိုယောင်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ပေါ်လာတဲ့အခါ သူကရော ဘယ်လိုပတ်သက်မှုမျိုးတွေ ရှိခဲ့တာလဲဆိုတာကိုတော့ Remember Youဇာတ်ကားမှာ ယွန်းဆော့ဝန်းနဲ့အတူတူ မှတ်ဉာဏ်တွေကို အတူတူရှာဖွေလိုက်ရအောင်နော် ။