ချစ်ခြင်းမေတ္တာဟာ တကယ့်ကိုပဲ ဘဝတစ်ခုလုံးကို ပေးဆပ်နိုင်လောက်အောင်အထိစစ်မှန်တတ်တယ်ဆိုတာကို (၁၉၆၂)ခုနစ် ထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်လမ်းကောင်း“Walk on the Wild Side”မှာ ခံစားလိုက်ရပါတယ်။ခြေသလုံးအိမ်တိုင် လျှောက်သွားနေတဲ့ ဒက်ဘ်ဆိုတဲ့ အမျိုးသားက သူနဲ့ဝေးကွာနေခဲ့ပြီးအဆက်ပြတ်နေခဲ့တဲ့ ချစ်ရတဲ့အမျိုးသမီးလေး ဟယ်လီကို သူ(မရှိမယ်ထင်မိတဲ့အရပ်ဆီရှာပုံတော်ဖွင့်ပါတော့တယ်။ ဝေးခဲ့တဲ့အချိန်တွေလည်း ကြာလှပြီ။ ဘယ်ဆီရောက်လို့ဘာတွေဖြစ်နေပြီလဲ မသိရတဲ့သူကိုမှ ရမ်းသန်းပြီး ရှာနေရတာက သိပ်ကို ခံစားရနာကျင်လွန်းလှပါတယ်။ သူမျှော်လင့်ထားခဲ့သလိုမျိုး ဟယ်လီက သူ့ကို သစ္စာရှိရှိနဲ့စောင့်နေခဲ့ပါ့မလား။ သူတို့တွေ ပြန်ဆုံကြရင်ကော ပျော်ကြရမှာလား။(၁၉၀၀)ကျော်လောက်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဆိုပေမယ့်လည်းဒီလိုအချစ်မျိုးဟာတကယ်ရှိခဲ့တာလား။ တကယ်တမ်း လက်တွေ့ဘဝမှာကော ကိုယ်တကယ်ချစ်မြတ်နိုးရတဲ့သူတစ်ယောက်ကို ခွင့်လွှတ်ခြင်းကိုသာ ပဓာနထားပြီးတော့သူ ဘာတွေလုပ်ခဲ့လုပ်ခဲ့၊ သူဘယ်လိုတွေဖြစ်ခဲ့ဖြစ်ခဲ့ အပြစ်မမြင်ဘဲ ချစ်နိုင်ကြလားဆိုတဲ့မေးခွန်းတွေကိုတောင် ထုတ်မိသွားစေနိုင်လောက်မယ့် ဇာတ်ကားတစ်ခုဖြစ်တယ်လို့ တွေးမိပါတယ်။ဟောင်းပေမယ့်လည်း ခံစားသက်ဝင်လို့ကောင်းနေဆဲဖြစ်တဲ့၊ အချစ်ဆိုတာကို ဖော်ကြူးထားတဲ့အချစ်ဇာတ်လမ်းဟောင်းလေးကို ဂန္တဝင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့များ သတ်မှတ်မိသွားမလား၊ဒါဟာ တလွဲဆံပင်ကောင်းတာပါ၊ရူးမိုက်တာသပ်သပ်ပါကွာလို့များ တွေးမိမလားဆိုတာကိုတော့“Walk on the Wild Side (1962)”ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်း ချစ်ခြင်းေမတ္တာရဲ့နူးညံ့မှုနဲ့ ချစ်ခြင်းအစစ်အမှန်ကြောင့်ဖြစ်ပေါ်လာတတ်တဲ့ သတ္တိတွေ ရဲရင့်မှုတွေကိုပါ ကြည့်ရှုခံစားလို့ရပြီပဲဖြစ်ပါတယ်။