ရေနာဝင်းနဲ့မော့သ် ဝင်းတို့ဟာ ဝေးလ်စ်က သူတို့ရဲ့အိမ်ခြံမြေကို ရင်းနှီးမြှုပ်နှံမှု မအောင်မြင်မှုကြောင့် ပိုင်ဆိုင်သမျှအားလုံးဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။တစ်ချိန်တည်းမှာပဲ မော့သ်မှာcorticobasal degeneration ဆိုတဲ့ သေစေနိုင်တဲ့ အာရုံကြောရောဂါကို ဖြစ်နေတာကို သိလိုက်ရတယ်။ဒီဒုက္ခတွေကျော်လွှားဖို့ သူတို့ဟာ အင်္ဂလန်ရဲ့ South West Coast Path ၆၃၀ မိုင်ကိုလမ်းလျှောက်ခရီးထွက်ဆုံးဖြတ်ခဲ့တယ်။ငွေကြေးချမ်းသာစည်းစိမ်ပေါများ အခြွေအရံပေါများတဲ့အခြေအနေမျိုးမှာ အတူရှိနေပေးခြင်းက မသိသာပေမယ့် နိမ့်ကျ၊ ဆင်းရဲ၊ ရှုံးနိမ့်ချိန် ဘေးမှာအတူရှိနေပေးတဲ့ဘဝလက်တွဲဖော်က ပိုပြီး စစ်မှန်ကြောင်း…သင်အောင်မြင်ချိန်အတူ ဝမ်းသာပေးမယ့်သူဖြစ်သလို၊ သင်နိမ့်ကျချိန်မှာလည်း သင့်လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားမယ့်သူမျိုးသာဖြစ်တယ်ဆိုတာဒီဇာတ်ကားလေးက သက်သေပြပေးသွားမှာပါ။