၂၀၁၄ မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ အက်ရှင်ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။၂၀၁၄ ခုနှစ် ဇွန်လ ၁၁ ရက်မှာ ISIS အကြမ်းဖက်အဖွဲ့က အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို သိမ်းပိုက်ပြီး တူရကီကောင်စစ်ဝန်ရုံးက ၄၉ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားခဲ့ပါတယ်။စစ်သွေးကြွတွေကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ရတဲ့အကြောင်းအရင်းကလည်း အဲဒီအချိန်တုန်းက တူရကီနိုင်ငံက ညွှန်ပေါင်းအဖွဲ့ထဲ ဝင်ဖို့ ပြင်ဆင်နေတာကို မလိုလားလို့ပါ။အဲဒီအပြင် သူတို့ကိုလည်းလွတ်လပ်တဲ့နိုင်ငံအဖြစ် ကမ္ဘာသိအောင် အသိအမှတ်ပြုစေချင်ပါတယ်။စစ်သွေးကြွအဖွဲ့အစည်းကို အသိအမှတ်ပြုတယ်ဆိုတာက သူခိုးကို ဓားရိုးကမ်းသလိုဖြစ်သွားမှာပါ။အဲဒါကို လက်မခံနိုင်တဲ့အစိုးရကဓားစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။