ဒီဇာတ်လမ်းကတော့ အထက်တန်းကျောင်းသား၁၃ ယောက်က ကာနီဗယ်လ် လိုခေါ်တဲ့ ပွဲလေးမှာသူတိုရဲ့ စိတ်အပန်းဖြေဖို၊ စိတ်လှုပ်ရှားမှုတွေခံစားရဖို ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ဖိအားတွေကို မေ့လျောပစ်ဖို အဲ့ဒီပွဲကိုညပိုင်းမှာအတူတူသွားခဲ့ပါတယ်။ဒါပေမဲ့ သူတိုရဲ့ပျော်ရွှင်မှုဟာ ရုတ်တရက်ကြီးဆိုသလို အိမ်မက်ဆိုးအဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်အမည်မသိတဲ့လူတစ်ယောက်ကစီစဉ်ထားတဲ့သေမင်းဂိမ်းထဲမှာပိတ်မိကြသွားတာပါပဲ။အဲ့ဒီဂိမ်းထဲမှာဆိုဖြင့် သူတိုအားလုံးရဲ့သတ္တိစမ်းသပ်တဲ့ဂိမ်းတွေ၊ စိတ်ပညာဆိုင်ရာပဟေဋ္ဌိတွေ နဲ့ခြိမ်းခြောက်မှုတွေကြားကနေ ကိုယ့်အသက်ဆက်ရှင်နိုင်ဖို ဆုံးဖြတ်ချက်တွေပြုလုပ်ရပါမယ်။ဆုံးဖြတ်ချက်တစ်ခုလွှသွားတာနဲ့ ကိုယ်ကိုတိုင် (သို) သူငယ်ချင်းတစ်ယောက်ယောက်က သေစေတဲ့အဖြစ်ကိုရောက်နိုင်ပါတယ်။ကြောက်ရွံမှုတွေကြားက ကိုယ့်အသက်ရှင်နိုင်ဖိုတစ်ကိုယ်ကောင်းဆန်တာတွေ ဂိမ်းပဟေဋ္ဌိတွေဘယ်လိုဖြေရှင်းနိုင်ကြမလဲဘယ်သူတွေကဒီဂီမ်းကိုအဆုံးထိ အသက်ရှင်နိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးရှင်.