ဒီတစ်ခါမှာတော့ လူတွေရဲ့သဘောသဘာ၀ကို မီးမောင်းထိုးပြထားတဲ့ တမီလ်စကားပြောဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ပြဿနာတစ်ခုကြုံလာတဲ့အခါ ကိုယ့်အကျိုးပဲကိုယ်ကြည့်တတ်ကြတဲ့လူတွေရဲ့တစ်ကိုယ်ကောင်းစိတ်၊ ဒွိဟစိတ်၊ မပြတ်သားတဲ့စိတ်တွေကိုအဓိကအသားပေးပြီး ပုံဖော်ရိုက်ကူးထားတာပါ။ သူငယ်ချင်း ၆ ယောက် အရက်အတူသောက်ပြီး လူမှန်းမသိမူးရာက နိုးလာကြတဲ့အခါလူတစ်ယောက်သေဆုံးနေတာကို တွေ့လိုက်ကြရပါတယ်။ ရုတ်တရက်ထိတ်ပြာပြီး ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြပါတယ်။ ဘယ်သူသတ်မှန်း၊ဘယ်လိုဖြစ်သွားမှန်း သူတိုလည်းမသိလိုက်ကြပါဘူး။သူတိုကိုအမှုပတ်မှာစိုးတာနဲ့ အလောင်းကိုအိတ်နဲ့ထုတ်ပြီး ကားနောက်ဖုံးထဲထည့်လာခဲ့ကြပါတယ်။ကားသာမောင်းထွက်လာပေမဲ့ ဘာလုပ်ရမှန်းမသိကြပါဘူး။ဒီလိုနဲ့ ငြင်းခုံရန်ဖြစ်ပြီး ရှေ့ဆက်လာကြတဲ့ လူ ၅ ယောက်နဲ့ ကားနောက်ဖုံးထဲကအလောင်းတစ်လောင်း…၊ လမ်းမှာ ဘာတွေဘယ်လိုဖြစ်ကြမလဲဘယ်သူတရားခံဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။