Jumpscareတွေ slasherတွေနဲ့ ရိုးအီနေပါပြီဆိုသူတွေအတွက်ဖိလစ်ပိုင် cult horror အသစ်စက်စက်လေးကို CM ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။Cult horror ဆိုတဲ့အတိုင်းပဲ occultist တွေ Satanistတွေထဲရောက်သွားတဲ့မောင်နှမနှစ်ယောက် ဘယ်လိုထွက်ပြေးရမလဲဆိုတာ အသည်းတအေးအေးနဲ့ ရှုစားရမှာပါ။အမြဲတမ်းအကြမ်းဖက်တတ်တဲ့ အဖေဖြစ်သူကို သတ်မိပြီးတဲ့နောက် အီဆာတစ်ယောက် တိုမတ်စ်နဲ့အတူတောထဲတစ်နေရာကိုပြေးလာရင်းနဲ့ လမ်းမှာ ကားပျက်သွားပါတော့တယ်။အစ်မက အဖေဖြစ်သူကို သတ်လိုက်တာကိုသိနေတော့ တိုမတ်စ်နဲ့အီဆာတို့ လမ်းမှာစကားများရင်းတိုမတ်စ်က တောထဲထွက်ပြေးသွားပြီး အီဆာတစ်ယောက် ထူးဆန်းတဲ့ တောထဲက သီလရှင်ကျောင်းကို ရောက်လာပါတော့တယ်။ဒီသီလရှင်ကျောင်းမှာ မိဘမဲ့ကလေးတွေကို လက်ခံထားတဲ့မိဘမဲ့ဂေဟာလည်းဖြစ်ပြီးတော့ထူးဆန်းစွာနဲ့ပဲ တိုမတ်စ်ကို အဲဒီသီလရှင်ကျောင်းမှာ တွေ့လိုက်ရတာပါပဲ။ဒီလိုနဲ့ အီဆာလည်း တိုမတ်စ်နဲ့အတူ တခြားဘယ်နေရာကိုပြေးရမလဲမသိတာနဲ့ သီလရှင်ကျောင်းမှာပဲဆက်ပြီးတည်းခိုဖို့ကြံစည်နေတုန်း မူမမှန်တာတွေ တွေ့လာရချိန်မှာတော့…