Forget Me Not HD

Forget Me Not

Drama Fantasy Romance HD 2015-03-28 6.5 94 Min

ကျွန်တော့်နာမည်က Takashi အထက်တန်း တတိယနှစ်ကျောင်းသား၊ သူငယ်ချင်း ၃ ယောက်နဲ့အေးဆေးပဲနေတယ်။ တစ်ရက်ကျ ညခွေသွားဝယ်တုန်း ကောင်မလေးတစ်ယောက်ကိုဝင်တိုက်မိတယ်၊သူ့ပုံစံကထူးဆန်းတယ် စကားလည်းပြန်မပြောဘူး။ အဲဒါနဲ့ နောက်ရက်ကျောင်းမှာတွေ့တယ်လိုက်တောင်းပန်တယ်၊ အဲဒါကိုသူက အူကြောင်ကြောင်နဲ့ ကျွန်တော့်ကို သူခေါ်ချင်ရာခေါ်သွားတယ်။နာမည်မေးတယ် မေးလို့လည်းမရဘူး အတန်းကတော့ D ခန်းကတဲ့၊ ကျွန်တော့်ဘော်ဒါတွေအများကြီးရှိတဲ့ အတန်းကပဲ တစ်ခါမှလည်းမမြင်ဖူးဘူး။ နောက်ရက်လည်းကျွန်တော့်ရှေ့သူပေါ်ချင်သလိုပေါ်လာတယ် လျှောက်သွားတယ် စကားတွေပြောတယ် နာမည်မေးတယ် မရသေးဘူးဖုန်းမေးတယ် အီးမေးလ်မေးတယ် ဘာမှမရှိ/မကိုင်ဘူးတဲ့။ တစ်ရက် D ခန်းကဘော်ဒါတွေနဲ့ မုန့်စုစားတုန်းသူ ရုတ်တရက်ရောက်လာတယ်၊ ဒါနဲ့ မိတ်ဆက်ပေးတော့ကျ D ခန်းချင်းတူတူ သူ့ကို ဘယ်သူမှမသိကြဘူးအခန်းမှာ မရှိပါဘူးတဲ့။ ဒီမှာ သူရုတ်တရက် ပြေးထွက်သွားတော့နောက်ကလိုက်မေးမိတယ်၊အဲဒီမှာ မယုံနိုင်စရာ သူပြန်ပြောလိုက်တာကတော့…….။ထပ်ပြောပြရင် ပေါ့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါတယ်။ ထုံးစံအတိုင်း ဂျပန်ကျောင်းသားအချစ်ဇာတ်လမ်းလေးဆိုပေမယ့် ပုံမှန်ကနေကွဲထွက်ပြီး အရမ်းကိုထူးဆန်းနေခဲ့တယ်။ဂျပန်တောင်ဘေးမြို့ရှုခင်းလေးတွေရယ်… မင်းသမီး Akari Hayami ရဲ့ ဂျပန်ကုလားစပ် မျက်နှာလေးရယ်…ဝတ်လိုက်တိုင်းဂါဝန်အဝဲလေးတွေရယ်… မင်းသားကလည်း Alice in Borderland ထဲကဉာဏ်ကြီးရှင်နေရာက Nijirō Murakami ဗျာ… ဒီတော့ ဒီကားက ပျော့ပျော့လေးနဲ့ခင်ဗျားတို့ကို မျက်ရည်ချူမယ့်ကားလေးမို့ခံစားလိုက်ကြပါဦးလို့ ပြောပါရစေ…။