Fate HD

Fate

Drama HD 2024-11-28 7.3 90 Min

အိမ်ထောင်သည် သားနဲ့ သမီး ရှိတဲ့ သာမန် အိမ်ရှင်မ ဆုလ်တန် ဆိုသူဟာ .. နေမကောင်းဖြစ်ပြီးအိပ်ရာထဲလဲနေတဲ့ ခင်ပွန်းဖြစ်သူကို ပြုစုရင်းနေလာခဲ့ပါတယ်။၂ နှစ်အကြာမှာ ခင်ပွန်းသည်က ကွယ်လွန်အနိစ္စရောက်သွားခဲ့ရာ သား သမီး မြေးတွေပါနာရေးကိုလာရောက်လုပ်ကိုင်ပေးခဲ့ကြပါတယ်။ခင်ပွန်းသည် သေဆုံးပြီး ၂ ရက်အကြာမှာ ဆုလ်တန်က ယောက်ျားယူချင်ကြောင်း၊ အထီးကျန်ပြီးတစ်ယောက်တည်း မသေသွားလိုကြောင်းပြောပြီး ကိုယ်တိုင်ကလည်း ငယ်စဉ်က သူ့ကိုချစ်ခဲ့သူမုဆိုးဖို ရူစ်တမ်ဆီကို သွားပြီး သူနဲ့လက်ထပ်ချင်လား မေးခဲ့ရာ အငြင်းခံလိုက်ရပါတယ်။ဒီအချိန်မှာ ကွယ်လွန်သူ ခင်ပွန်းရဲ့ သေတမ်းစာအတွက် သားနဲ့သမီးက ရှေ့နေဆီမှာ သွားဖတ်ကြတဲ့အခါဆုလ်တန်ကို နောက်‌အိမ်ထောင်ပြုရင် အမွေမပေးလိုကြောင်း သိသွားခဲ့ပါတယ်။အမွေပေးတာ မမျှတတဲ့အတွက် စကားများနေတဲ့ သားနဲ့သမီး၊ ရူစ်တမ်ဆီက အငြင်းခံလိုက်ရတဲ့အပြင်သေသွားတဲ့ခင်ပွန်းဖြစ်သူကပါ သူ့ကို အမွေမပေးလိုတဲ့အတွက် သူ့အပေါ် မတရားလုပ်သလို ခံစားလာရတဲ့ဆုလ်တန် သူ့ဘဝ ကျန်နေသေးတဲ့ နေ့ရက်များစွာအတွက် ဘယ်လိုတွေ စီမံလုပ်ဆောင်သွားမလဲဆိုတာရှုစားကြည့်လိုက်ကြရအောင်ပါ…