Sitaare Zameen Par HD

Sitaare Zameen Par

Comedy Drama HD 2025-06-20 7.7 155 Min

ရုပ်ရှင်အထွက်နည်းပြီး ထွက်သမျှနီးပါးကလည်း ပရိသတ်အားပေးမှု တခဲနက်ရတတ်တဲ့နာမည်ကျော်ခန်းသုံးခန်းထဲက ဆရာကြီးအမီရ်ခန်းရဲ့ ရုပ်ရှင်ကားသစ်ထွက်ရှိလာခဲ့ပါပြီ။every child is specialဆိုပြီး အားလုံးမျက်ရည်ဝဲခဲ့ရတဲ့ Taare Zameen Par(2007)ရုပ်ရှင်ပုံစံမျိုးကိုမှစပိန်ရုပ်ရှင် Champions (2018)ကို တရားဝင် Remakeရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။တချိန်ကနာမည်ကြီးခဲ့ပေမဲ့ စုတ်ပြတ်သတ်ပြီး မူးယစ်သောက်စားနေတတ်တဲ့ဘတ်စကတ်ဘောလက်ထောက်နည်းပြဘ၀အဖြစ်မကျေမနပ်ဖြစ်တည်နေရသူ ဂိုလ်ရှန်။တစ်ရက်မှာတော့ မူးမောင်းရုံတင်မဟုတ် ပတ်ကင်းကားကိုပါဝင်တိုက်ပြီး အချုပ်ထဲမှာအစိုးရကိုစော်ကားတဲ့သီချင်းဆိုမှုနဲ့ တရားရုံးတက်ရပါရော။မှတ်တမ်းဟောင်းလည်းမရှိသူမို့ ဉာဏ်ရည်မသန်စွမ်းတဲ့ကျောင်းတစ်ခုမှာ ဘတ်စကတ်ဘောနည်းပြအဖြစ်သုံးလကြာ လူမှုရေးဝန်ဆောင်မှုလုပ်ဖို့ တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတော့တယ်။ဒီမှာပဲ လူတွေကို လူတွေလို့မထင်တဲ့ ဂိုလ်ရှန်တစ်ယောက် ဉာဏ်ရည်မသန်စွမ်းတဲ့ ကလေးတွေကြားမှာဘယ်လိုပုံဖြစ်တည်လာမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။