Housefull 5 HD

Housefull 5

Comedy Thriller Mystery HD 2025-06-05 5.8 163 Min

ယူကေမှာ နေထိုင်တဲ့ သူဌေးကြီး ရန်ဂျီးတ်ဘတိုဘရီယားလ်ဆိုတဲ့ သူဌေးကြီးဟာသူ့ရဲ့ နှစ် ၁၀၀ပြည့် မွေ့နေ့ကို ပင်လယ်ထဲက ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ရုတ်တရက် သေဆုံးကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့ သေတမ်းစာအရ ပိုင်ဆိုင်မှုတွေကို သူ့ရဲ့ သားကြီး ဂျော်လီ့ကို လွှဲပေးဖို့သား‌ငယ် ဒေ့ဗ်ကို တာဝန်ပေးထားခဲ့တာပါ။ဒါပေမဲ့ မွေးနေ့ရက်မှာ ရောက်လာတဲ့ဂျော်လီက တစ်ယောက်တည်း မဟုတ်ဘဲ ၃ယောက်ဖြစ်နေတာကြောင့် ဒေ့ဗ်နဲ့ သူ့ရဲ့ ဘုတ်အဖွဲ့ဝင်တွေအားလုံး အကျပ်ရိုက်သွားခဲ့ရပါတယ်။ကဲ အဲဒီ ဂျော်လီ ၃ယောက်ထဲက ဘယ်တစ်ယောက်က ဂျော်လီ အစစ်ဖြစ်မလဲ…ဘယ်လို အရှုပ်ထွေးတွေနဲ့ ကြုံဆံကြရမလဲ…ရန်ဂျီးတ်ရဲ့ ပိုင်ဆိုင်မှုတွေ ဘယ်သူ့လက်ထဲ ရောက်သွားမလဲ…ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ အဖြေ ရှာပေးကြပါလို့…ဇာတ်လမ်းကတော့ ရှေ့မှာ ပရိသတ်တွေကို အမျိုးမျိုးသောဟာသတွေနဲ့ ရီမောစေခဲ့သလိုအံ့ဩစေမဲ့လှည့်ကွက်လေးတွေနဲ့ စိတ်ဝင်စားစရာတင်ဆက်ထားတာမလို့ ဘောလိဝုဒ် ပရိသတ်များလုံးဝ လက်မလွှတ်သင့်ပါကြောင်း…