Miss & Mrs. Cops HD

Miss & Mrs. Cops

Action Comedy Crime HD 2019-05-09 6.848 107 Min

တစ်ချိန်က အမျိုးသမီးအထူးရဲတပ်ဖွဲ့ရဲ့အထင်ကရ ထိတ်ထိတ်ကြဲ စုံထောက်တစ်ယောက် ဖြစ်ခဲ့တဲ့ဘတ်မီယောင်း (Ra Mi-Ran) ဟာ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ဆောင်းဆန်းရဲစခန်းရဲ့..တိုင်ကြားချက်နှင့် အသနားခံစာတင်ဌာနမှာ စာရေးအဖြစ်နဲ့ပဲ ဝင်ရောက်လုပ်ကိုင်နေပါတယ်။တစ်နေ့မှာတော့ သူမရဲ့ ယောက်မဖြစ်သူ စုံထောက်ဂျိုဂျီဟယ် (Lee Sung-Kyung) တစ်ယောက်စုံစမ်းစစ်ဆေးရင်း ပြဿနာရှာမိတာကြောင့် အပြစ်ပေးခံရပြီး ဘတ်မီယောင်းရှိရာ ဌာနကိုခေတ္တပြောင်းရွှေ့ခံလိုက်ရပါတော့တယ်။မတည့်အတူနေ သမီးယောက်မနှစ်ယောက် တစ်ဌာနတည်းမှာ အလုပ်လုပ်ရင်းကနေ ..တိုင်ကြားချက် လာဖွင့်ဖို့ လုပ်နေတဲ့ မိန်းကလေးတစ်ယောက် သတ်သေသွားတာကြောင့်လျှို့ဝှက်စုံစမ်းရင်း ကြီးမားတဲ့ပြစ်မှုကြီးနဲ့ဆက်စပ်နေမှန်း သိသွားတဲ့အခါမှာတော့ ..မတရားတာမြင်ရင် မနေနိုင်တဲ့ နှစ်ယောက်သား အလွဲတွေနဲ့ ဘယ်လိုတွေ စုံစမ်းစစ်ဆေးသွားမလဲဆိုတာကို ရယ်မောရင်းကြည့်ရှုရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ပရိသတ်ကြီးတို့အတွက်ကွာလတီအမိုက်စားနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။