အေးချမ်းသာယာလှတဲ့ ကီခုနိုမြို့က နာမည်ကြီး နမီကီ မိသားစုစားသောက်ဆိုင်လေးက အဆိုတော်ဖြစ်ဖို့ရည်မှန်းပြီး ကြိုးစားနေတဲ့ သမီးကြီးဖြစ်သူ ဆာအိုရိဟာ တစ်နေ့မှာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။အသက်ရှင်လျက်ရှိဖို့ မျှော်လင့်ခဲ့တဲ့ မိဘတွေဟာ ၃ နှစ်အကြာမှာ သမီးဖြစ်သူရဲ့အရိုးစုကို ကီလိုမီတာ ၂၀၀ ဝေးတဲ့မြို့မှာ တွေ့ခဲ့ကြရတာပါ။ ဆာအိုရိ သေဆုံးမှုကိုစုံထောက်တွေဖြစ်ကြတဲ့ ခုဆာနဂီနဲ့ ယုဆုမီတို့ကြိုးစားဆက်စပ်ဖော်ထုတ်ကြရာမှာ ယခင်က လူသတ်မှုနဲ့စွဲချက်ခံတင်ရပြီး သက်သေမရှိ နှုတ်ပိတ်နေမှုတို့ကြောင့်သံသယရှိသူအဖြစ်မှ လွတ်မြောက်နေသူဟာဆုနုမာ ဖြစ်နိုင်ကြောင်း သိရှိလာရပါတယ်။ဒီလိုနဲ့ သက်သေအထောက်အထားနဲ့ ဟာဆုနုမာကို စွဲချက်တင်နိုင်ရေး စုံစမ်းနေကြစဉ်မှာပဲ ဟာဆုနုမာသေသွားခဲ့ပါတယ်။ ဒါပေမဲ့ဟာဆုနုမာသေဆုံးတဲ့နေ့ရက်ဟာ တိုက်တိုက်ဆိုင်ဆိုင် ကီခုနိုမြို့က နာမည်ကြီးဇာတ်လမ်းသရုပ်ဖော်ချီတက်ပွဲ ကျင်းပတဲ့ရက်ဖြစ်နေခဲ့ပါတယ်။တခြားဘာဒဏ်ရာမှမရှိဘဲအသက်ရှူကြပ်သေဆုံးသွားတာကြောင့် ယုဆုမီဟာ ခုဆာနဂီရဲ့ သူငယ်ချင်းဖြစ်သူရူပဗေဒပါမောက္ခ ယုခါဝါ ကို အမှုအကြောင်း ပြောပြအကူအညီ တောင်းခံခဲ့ရာမှာတော့…အချိန်အတန်ကြာ ရဲတပ်ဖွဲ့မှမဖြေရှင်းနိုင်တဲ့ အမှုတွေနဲ့ ဆာအိုရိ အသတ်ခံရမှု၊ ဟာဆုနုမာ သေဆုံးမှုတို့ကိုစုံထောက် နှစ်ယောက်နဲ့ ရူပဗေဒပါမောက္ခတို့ ဘယ်လိုမျိုး အဖြေရှာသွားကြမလဲဆိုတာ ရှုစားကြည့်လိုက်ကြရအောင်ပါ။