Fox Hunt HD

Fox Hunt

Action Crime Drama HD 2025-04-04 2 106 Min

ဘီလီယံပေါင်းများစွာလိမ်လည်ခဲ့တဲ့ ငွေကြေးလိမ်လည်မှုဖြစ်ရပ်မှန်တစ်ခုကိုအခြေခံပြီးတော့ ရိုက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ရှန်ဟိုင်းမှာစတော့ရှယ်ယာပေါင်းများစွာလိမ်လည်ပြီးထွက်ပြေးသွားတဲ့ လူလိမ်ကြီး( Tony Leung )တစ်ယောက်ဟာ ၈နှစ်ကြာအောင်ထွက်ပြေးနေပြီးတော့ ပြင်သစ်မှာပြန်ပေါ်လာခဲ့တယ်။ဒါကိုတရုတ်ရဲတပ်ဖွဲ့ကအရာရှိယဲ့ကျွင်းကသိသွားပြီးတော့သူ့ရဲ့မြေခွေးတပ်ဖွဲ့လေးနဲ့ နိုင်ငံကူးပြီးတော့ လိုက်ဖမ်းဖို့ကြိုးစားကြပါတယ်။ဉာဏ်များတဲ့လူလိမ်ကြီးကတော့ ဝီလျံဂျိမ်းစ်ဆိုတဲ့နာမည်သစ်တစ်ခုနဲ့ပြင်သစ်လူကုံထံတွေနဲ့အတူပူးပေါင်းအလုပ်တွဲလုပ်ပြီး ဘဝကိုစံစားနေပါတယ်။ပိုက်ဆံအတွက်ဘာမဆိုလုပ်နိုင်တဲ့ဝီလျံဂျိမ်းစ် သူ့ရဲ့ငွေကြေးအကျိုးအမြတ်တွေကိုထိပါးလာတဲ့အခါ ရက်စက်ပြီးအောက်တန်းကျတဲ့နည်းလမ်းတွေသုံးခဲ့ပါတယ်။နောက်ဆုံးမရတော့တဲ့အဆုံးမှာ ပြင်သစ်ကနေထွက်ပြေးဖို့ကြိုးစားတာကိုပြင်သစ်ရဲနဲ့တရုတ်ရဲတွေပူးပေါင်းပြီး ဖမ်းဆီးဖို့ကြိုးစားပါတော့တယ်