ဆမန်သာဆိုတဲ့ ရဲမေက သူမရဲ့ သားလေး တင်မ်ကို ကျောင်းဝင်ပို့ရင်း ကျောင်းကတိုင်ချက်ဖွင့်ထားတာတွေကို စစ်ဆေးပေးနေတဲ့အချိန် ကျောင်းတွင်းပစ်ခတ်မှုတစ်ခု ဖြစ်လာပါတယ်။တပ်ကူလွှတ်ပေးဖို့လှမ်းအကြောင်းကြားပေမယ့် သူတို့မရောက်လာမီမှာပဲ သေနတ်သမားက တင်မ် အပါအဝင် ကျောင်းသားပေါင်း ၂၀ ကျော်ကို သတ်ဖြတ်ပြီးပါပြီ။ဆမန်သာက ရဲအရာရှိဖြစ်ပြီး အရေးယူဆောင်ရွက်မှုမလုပ်တဲ့အတွက် သတင်းတွေမှာ ဟိုးလေးတကျော်ကျော် ဖြစ်ကာ အိမ်ထဲကနေ အိမ်ပြင်ထွက်လို့မရတဲ့ အခြေအနေထိ ဖြစ်သွားတော့တယ်တစ်ဖက်မှာတော့ ဂျေမီဆိုတဲ့ အိမ်ထောင်ရှင်မက သူ့မိသားစုမှာ ယောက်ျားကပြည့်ပြည့်စုံစုံထားနိုင်လျက်နဲ့ သူ့ဘဝကိုသူစိတ်တိုင်းမကျဖြစ်ကာ ယခင် သူရဲ့ ဂျာနယ်လစ်အလုပ်ကိုပဲ ပြန်လုပ်ချင်တယ်ဆိုပြီးကျောင်းတွင်းပစ်ခတ်မှုသတင်းကို အသည်းအသန်လိုက်ပါတော့တယ်။ဆမန်သာက ဂျေမီနဲ့ အင်တာဗျူးမလုပ်ချင်ပါဘူးလို့ ပြောသော်လည်း ဂျေမီက အတင်းအဓမ္မလိုက်နှောင့်ယှက်တဲ့အပြင်ဘလော့ဂ်တွေကနေပါ “ကိုယ့်သားကိုတောင် ကိုယ်အသေခံလိုက်တယ် ငကြောက်“ဘာညာ ပြောလာပြီး ဆမန်သာရဲ့ သည်းခံနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်အောင် တိုက်ခိုက်လာတဲ့အခါ …။