အဒေါ်ဖြစ်သူ နာမည်ကျော်အော်ပရာအဆိုတော် သေဆုံးပြီးနောက်မှာပေါလ်လာတစ်ယောက် သူမအဒေါ်လို အော်ပရာအဆိုရှင်ဖြစ်ရန် အီတလီသို့ပညာသင်စေလွှတ်ခံခဲ့ရတဲ့အချိန််မှာပေါ့။ ဒီချိန်မှာ သူဟာ ဂက်ဂရီအန်တွန်ဆိုတဲ့အမျိုးသားတစ်ယောက်နှင့် ချစ်ကြိုက်််မိပြီး အိမ်ထောင်ပြုခဲ့တယ်။ဒီလိုနဲ့ လင်မယားနှစ်ယောက်သား လန်ဒန်သို့အခြေချရန်ပြန်လာခဲ့ကြတဲ့အချိန်မှာအိမ်မှာ ပန်းချီကားတွေပျောက်သွားတာ ညဘက်မှာအသံတွေကြားလာတာမီးအိမ်များမှိန်သွားတာ စတဲ့ ထူးခြားတဲ့အဖြစ်အပျက်တွေ ပေါ်ပေါက်လာတယ်။သူမရဲ့စိတ်အခြေအနေကိုတည်ငြိမ်အောင်ကြိုးစားနေချိန် ခင်ပွန်းဖြစ်သူ ဂက်ဂရီရဲ့လုပ်ရပ်တွေဟာလည်း သံသယဝင်ဖွယ်ကောင်းလာတယ်။ ဒီတော့ ပေါလ်လာကသူမြင်တဲ့အရာတွေကပဲ တကယ်ဖြစ်နေတာပဲလား ဒါမှမဟုတ်သူစိတ်ကူးနဲ့ပဲဖန်တီးထားတာလားဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဂန္တဝင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။