ဒီတစ်ခါမှာတော့ မင်းသမီးကြီး Kim Hye Soo, မင်းသားကြီး Lee Sun Kyunနဲ့ Lee Hee Joonတို့အဓိကပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ဇာတ်လမ်းကတော့….နာဟျွန်းဂျောင် (Kim Hye Soo) ဟာ တရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဂျယ်ချောလုပ်ငန်းစုရဲ့ အတွင်းရေးမှူးဖြစ်ပြီး သူမ ထောင်ကျခဲ့တုန်းက ထောင်မှာ သားလေးတစ်ယောက်မွေးဖွားခဲ့ဖူးတယ်ဆိုတဲ့လျှို့ဝှက်ချက်ရှိသူလည်း ဖြစ်ပါတယ်။အင်ဆန်းဟွန်း (Lee Sun Kyun)ကတော့ အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးတဲ့သူဖြစ်တဲ့အပြင်နာဟျွန်းဂျောင်အတွက်ဆိုရင် ဘာမဆိုလုပ်ရဲပြီး သူမကိုတစ်ဖက်သတ်ချစ်နေတဲ့သူပါ။တစ်နေ့မှာတော့ နာဟျွန်းဂျောင်ရဲ့ လျှို့ဝှက်ချက်ကို သူမကို လက်စားချေချင်နေတဲ့အမှုစစ်ချွဲဒယ်ရှစ် (Lee Hee Joon) က စုံစမ်းသိရှိသွားပြီး အဲဒီအမှန်တရားကိုမသိသေးတဲ့အင်ဆန်းဟွန်းကို ပြောပြလိုက်ပါတော့တယ်..ဒါကြောင့်ပဲ အင်ဆန်းဟွန်းတစ်ယောက် သစ္စာဖောက်ခံရတဲ့ ခံစားချက်ဝင်သွားပြီးအမှုစစ်ချွဲဒယ်ရှစ်နဲ့ ပူးပေါင်းကာ နာဟျွန်းဂျောင်နဲ့ သားဖြစ်သူကိုမကောင်းကြံပါတော့တယ်…ဒီလိုအခက်အခဲတွေကြားကနေ နာဟျွန်းဂျောင်တစ်ယောက် သားဖြစ်သူကို ဘယ်လိုကာကွယ်ပေးသွားမလဲ…အမျိုးသမီးတစ်ယောက်ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့မိခင်မေတ္တာကိုပါဖော်ပြထားတဲ့အက်ရှင်ကားကောင်းမို့လို့ ညွှန်းပေးလိုက်ပါတယ်…