Do You Like Bears in Spring? FHD

Do You Like Bears in Spring?

Comedy Drama Romance FHD 2003-07-16 5.3 98 Min

“Do You Like Bears in Spring?” ဆိုတဲ့ 2003 ခုနှစ်ထွက် ကိုရီးယားရုပ်ရှင်ဟာ သဘောကျဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ဟာသအနည်းငယ်နဲ့ စိတ်ကူးယဉ်ပျော်ရွှင်မှုတွေကိုအတူပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။Bae Doona နဲ့ Kim Nam Jin တို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး သူတို့ကြားကငယ်သူငယ်ချင်းဆန်ဆန် စိတ်လှုပ်ရှားဖွယ်အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ တင်ဆက်ထားပါတယ်။ဂျောင်ဟျွန်းချယ် (Bae Doona) ဟာ အဖေနဲ့ပဲ ကြီးပြင်းလာခဲ့တဲ့မိန်းကလေးဖြစ်ပြီး၊ တစ်ချိန်တုန်းက လေယာဉ်မယ်ဖြစ်ချင်တဲ့အိပ်မက်ကို ရင်ထဲမှာသိမ်းဆည်းထားဆဲဖြစ်ပါတယ်သူ့ဘဝထဲမှာချစ်ခြင်းမေတ္တာဆိုတာက မျှော်လင့်ချက်ကင်းတဲ့အရာတစ်ခုပေါ့။ အမြဲထားခဲ့ခံနေရလည်း အချစ်ဆိုတာကို စိတ်မကုန်သေးဘဲ စိတ်ကူးယဥ် မင်းသားလေးကို စောင့်နေဆဲပါပဲ။တစ်နေ့မှာတော့သူ့အဖေကြောင့် စာကြည့်တိုက်မှာ စာအုပ်တစ်အုပ် သွားငှားရင်းနဲ့ စာအုပ်ထဲမှာ ချစ်ခြင်းနဲ့အပြည့်အဝဖြစ်နေတဲ့ လျှို့ဝှက်စာတစ်စောင်ကို ရှာတွေ့သွားပါတယ်။မတူညီတဲ့စာအုပ်တွေထဲမှာလည်း ထပ်တလဲလဲပဲ တခြားချစ်ခြင်းစာတွေထပ်တွေ့လာတဲ့အခါ၊ ဟျွန်းချယ်တစ်ယောက် “ဒါက သူ့အတွက်ပဲ” ဆိုတဲ့ အတွေးနဲ့ စာရေးသူကိုစိတ်ဝင်စားမိပြီးချစ်မိသွားပါတော့တယ်။အခြားတစ်ဖက်မှာလည်း ဟျွန်းချယ်ကို တိတ်တခိုးချစ်နေတဲ့ သူငယ်ချင်း အီဒုံဟာ (Kim Nam Jin) ဟာ သူ့ကိုယ်သူ စာရေးသူပါဆိုပြီး လိမ်မိရာကနေ.. ဟျွန်းချယ်တစ်ယောက် ဒုံဟာလိမ်ထားတာကိုရိပ်မိသွားမလား…အဲဒီစာတွေကို ရေးနေတာကဘယ်သူလဲ…ဟျွန်းချယ်တစ်ယောက် လိုချင်တဲ့အချစ်စစ်ကို ရှာတွေ့သွားမလား… အဲဒီစာတွေကရော တကယ်ပဲ ဘယ်သူ့ကိုရည်ရွယ်တာလဲ ဆိုတာကိုဒီဇာတ်ကားလေးကနေတဆင့် ကြည့်ရှု့လိုက်ကြရအောင်နော်