Giovanni's Island HD

Giovanni's Island

Drama History Animation HD 2014-02-22 7.525 102 Min

Warner Bro ကနေဖြန့်ချီလိုက်တဲ့ 2014 မှာထွက်ရှိခဲ့တဲ့ Japan Anime ကားလေးဖြစ်ပါတယ်။စတူဒီယိုကလည်း Haikyuu တို့လို နာမည်ကျော် စီးရီးကို ထုတ်လုပ်ပေးထားတဲ့ IG Production ကပါ။1945 ခုနှစ် ပြင်းထန်ကြမ်းတမ်းလှတဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ငါးဖမ်းကျွန်းShikotanဆိုတဲ့နေရာလေးကို ရုရှားတွေသိမ်းပိုက်လိုက်ပါတယ်။ ဒေသခံတွေရဲ့အိမ်တွေကိုလည်းရုရှားတွေက အပိုင်စီးလိုက်ကြတာပေါ့။ ဒီတော့ အဲဒီကျွန်းမှာနေထိုင်တဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့Junpei နဲ့ Kanta တို့ဟာ ရုရှားမလေး Tanya နဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာကြတော့တယ်။ဒီမှာတင်နိုင်ငံရေးပဍိပက္ခအရှုပ်ထွေးတွေကြားမှာ လူမျိုးခြားကလေးတွေရဲ့ ဘာသာစကားအတားအဆီးကိုကျော်လွန်ပြီး သူတို့လေးတွေရဲ့ ခင်မင်မှုသံယောဇဉ်တွေ၊ မိသားစုညီအစ်ကိုမောင်နှမကြားကဒရမ်မာလေးဇာတ်လမ်းတွေကို လိုက်ပါစီးမြောရင်း ဖြစ်ရပ်မှန်ကိုလည်း အခြေခံထားတဲ့ ဒီကားလေးဟာကြည့်သင့်တဲ့ Anime ကားလေးတစ်ကားဖြစ်နေတာကြောင့်ညွှန်းပေးပါရစေရှင်…။