ဟော်လီ မာတင်ဆိုတဲ့ စာရေးဆရာတစ်ယောက်ဟာ သူ့သူငယ်ချင်းဖြစ်သူ ဟယ်ရီက အလုပ်ပေးမယ်လို့ ခေါ်တာကြောင့် ဗီယန်နာ မြို့ကိုရောက်လာခဲ့ပါတယ်။ဗီယန်နာကို ရောက်တဲ့အချိန်မှာတော့သူငယ်ချင်းဖြစ်သူ ဟယ်ရီဟာ မတော်တဆမှုကြောင့် ဆုံးပါးသွားတာကို သိရှိလိုက်ရပါတယ်။ ရဲတွေဟာ သူ့သူငယ်ချင်းဖြစ်သူကို တရားမဝင်အလုပ်တွေလုပ်နေတယ်လို့ စွပ်စွဲကြတာကြောင့် ဟော်လီဟာမခံချင်စိတ်နဲ့ ဒီအကြောင်းကို လိုက်စုံစမ်းပါတော့တယ်။ဒီမှာပဲ သူငယ်ချင်းဖြစ်သူ သေဆုံးမှုဟာ သာမန် မတော်တဆမှု တစ်ခုမဟုတ်ဘဲ ရှုပ်ထွေးလှတဲ့ ကိစ္စကြီး တစ်ခုမှာ ပါဝင်ပါတ်သက်နေတာကို ဟော်လီ တစ်ယောက် သိသွားတဲ့အခါမှာဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။