စိတ်ကျရောဂါ စွဲကပ်နေတဲ့ ရုံးဝန်ထမ်း အမျိုးသားဟာ သူ့ရုံးက ဝန်ထမ်း အားလုံး ကိုသတ်ဖြတ်ပစ်ခဲ့ပြီး အိမ်သို့ပြန်လာက ကလေးတွေကို တံခါးပိတ်ထားပြီး မိန်းမကိုထပ်ပြီး သတ်ပစ်လိုက်ပါတယ်ထို့နောက်တွင်သော ငယ်ရွယ်သေးသော သမီးငယ် နှစ်ဦးကို ကားပေါ်တင်ပြီးထွက်ပြေးရာတွင် ချောက်ကမ်းပါး တစ်ခုအရောက်ကားဘရိတ်ချော်ပြီး ချောက်တွင်းသို့ပြုတ်ကျသွားပါတော့တယ် သူကိုယ်တိုင် ဒဏ်ရာအနည်းငယ်သာ ရပြီးသမီး နှစ်ဦးကို လက်ဆွဲခေါ်ကာ တောတွင်းသို့ ဝင်ရောက်လာရင်းထူးဆန်းသော အိမ်တစ်အိမ်ကိုတွေ့ရှိရာ ဝင်ရောက်နားခိုခဲ့ပါတယ်..ထို့နောက် ကလေးငယ် နှစ်ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန်ပြုလုပ်တဲ့ အချိန်မှာပဲ မမြင်နိုင်သော အရာတစ်ခုက ကလေးငယ် နှစ်ဦးရဲ့ဖခင်ကိုသတ်ဖြတ်ပြီးနောက် ထိုကလေးငယ် နှစ်ဦးကို စောင့်ရှောက်ကျွေးမွေးနေပါတော့တယ်…နှစ် အနည်းငယ် ကြာပြီးနောက် ဖခင် ဖြစ်သူ ရဲ့ ညီ ကလေးတွေ ရဲ့ ဦးလေးဟာကလေးတွေကို အမြဲတမ်းရှာဖွေစုံစမ်းနေရင်းနဲ့မှ ပြန်လာရှာဖွေတွေ့ရှိလို့အိမ်သို့ ခေါ်ဆောင်လာတဲ့ အခါမှာ မကျွတ်မလွတ်သော ကလေးတွေကို စောင့်ရှောက်နေသောအင်မတန် ကြောက်မက်ဖွယ် ကောင်းသော အရာပါ အိမ်သို့လိုက်ပါလာခဲ့သော အခါ…