Clay Pigeons HD

Clay Pigeons

Comedy Crime Drama Romance HD 1998-09-25 6.215 104 Min

ဒီတစ်ခါမှာတော့ Joker ထဲကမင်းသားကြီး Joaquin Pheonix နဲ့ Vince Vaughnတို့ပါဝင်ထားတဲ့ Clay Pigeon ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် “အားလ်”ဆိုတဲ့လူဟာ သူ့မိန်းမ”အမန်ဒါနဲ့ သူငယ်ချင်းဖြစ်သူ”ခလေး”တို့ဖောက်ပြန်နေကြတယ်ဆိုတာကိုသိသွားပြီး မခံမရပ်နိုင်ဖြစ်ကာ သူ့ကိုယ်သူသတ်သေသွားပါတယ်ဒါပေမဲ့ ရိုးရိုးသတ်သေတာမဟုတ်ဘဲ သူငယ်ချင်းဖြစ်သူ”ခလေး”ကသတ်ခဲ့တာလို့ထင်ရအောင်တမင်အကွက်ချခဲ့ပါတယ် “ခလေး”ကလည်း သူမကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက်ထောင်ကျမခံချင်တာကြောင့်အလောင်းဖျောက်ခဲ့ပါတယ် ပြီးတော့ သူ့ကြောင့်သူ့သူငယ်ချင်းကကိုယ့်ကိုကိုယ်သတ်သေခဲ့ရတဲ့အတွက်လည်း ယူကြုံမရဖြစ်နေရပါတယ် အဲ့ဒါကြောင့်ပဲ အမန်ဒါနဲ့ထပ်မပက်သက်တော့ဘဲအဆက်ဖြတ်လိုက်တော့တယ် ဒါပေမဲ့အမန်ဒါဘက်ကတော့မရပ်ဘဲဆက်လက်ကပ်တွယ်နေပါတယ်အဲ့အချိန်မှာပဲ ခလေးက “လက်စတာလောင်း”ဆိုသူနဲ့ ခင်မင်လာခဲ့တယ် ဒါပေမဲ့ လက်စတာလောင်းဟာ သာမန်လူမဟုတ်ဘဲ ကွင်းဆက်လူသတ်သမားဖြစ်နေပြီး အမန်ဒါကိုပါသတ်ပစ်လိုက်တဲ့အခါ……လူပေါင်းမှားမိတဲ့ခလေးတစ်ယောက် ဘယ်လိုဒုက္ခတွေရင်ဆိုင်ရဦးမလဲ