Gustave Flaubert ရဲ့ဂန္ဓဝင်၀တ္ထုကြီးဖြစ်တဲ့ “Madame Bovary” ကိုခေတ်သစ်ဗားရှင်းအနေနဲ့ဟာသနှောပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ဂျမ်မာဘိုဗာရီဟာ လန်ဒန်ကနေပြင်သစ်နိုင်ငံနော်မန်ဒီရဲ့ကျေးလက်ဒေသကိုပြောင်းရွှေ့လာတဲ့ဗြိတိန်အမျိုးသမီးလေးဖြစ်ပြီးသူ့ဘ၀နောက်ခံအခင်းအကျင်းနဲ့အပြုအမူတွေဟာ “Madame Bovary” ထဲက Emma Bovary နဲ့သိပ်တူနေပါတယ်။ဒါကိုသတိထားမိတဲ့သူကတော့ သူတို့ရဲ့အိမ်နီးချင်းမုန့်ဖုတ်သမား မာတင်ဂျူဘေးဖြစ်ပြီးဂျမ်မာရဲ့ဘ၀ကို အမ်မာနဲ့အမြဲ နှိုင်းယှဉ်ချိန်ထိုးကြည့်လေ့ရှိပါတယ်။အဲ့ဒီလိုကြည့်ရင်းလေ့လာရင်းက ဂျမ်မာ့ဘ၀ဟာ အမ်မာလိုအဆုံးသတ်သွားမှာစိုးရိမ်စိတ်နဲ့ ဂျမ်မာဘ၀ရဲ့အဖြစ်အပျက်တွေထဲမှာ ကိုယ်တိုင်ဝင်ပါ ဝင်စွက်မိပါတော့တယ်။ဂျမ်မာဘိုဗာရီအဖြစ် Hansel and Gretel ထဲက ဗြိတိန်မင်းသမီးချော Gemma Artertonက ခမ်းနားစွာပုံဖော်ခဲ့ပြီးလှပတဲ့ပြင်သစ်ကျေးလက်ဒေသရှုခင်းတွေနဲ့အတူ ရှုစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ခေတ်သစ်အနေနဲ့ပြန်အသက်သွင်းပြီး ဟာသနှောထားပေမယ့် မူရင်း၀တ္ထုကိုသစ္စာရှိခဲ့တဲ့အတွက်ဝေဖန်ရေးဆရာတွေရဲ့ အကောင်းမြင်မှတ်ချက်တွေကိုလည်းရရှိထားပါတယ်။Gemma Arterton ရဲ့ အလှအပတချို့နဲ့ ဇာတ်အိမ်တည်ထားတဲ့အခန်းတချို့ပါတာကြောင့် မိသားစုနဲ့တော့ကြည့်ဖို့မပြေလောက်ပါဘူး။