The Sound HD

The Sound

Action Horror Thriller HD 2025-06-27 4.15 99 Min

ဒီဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်း အသူရာတောင်တစ်လုံးပေါ်က အသံကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာဖြစ်ပါတယ်။ရှောန်လို့ခေါ်တဲ့လူငယ်တစ်ယောက်ရဲ့ အဘိုးကသူ့ခေတ်သူ့ခါကနာမည်ကြီးတဲ့ထိပ်တန်းတောင်တက်သမားတစ်ယောက်ပါ။ဒါပေမဲ့ ဖြစ်ချင်တော့ ရာဇဝင်ရှိထားတဲ့ တောင်တစ်တောင်ကို သွားတက်မိတဲ့အချိန်မှာ မတော်တဆဖြစ်ပြီး ဆုံးပါးသွားခဲ့ရပါတယ်။ရှောန်ရဲ့ဖခင်ဖြစ်သူကလည်း ငယ်စဉ်အရွယ်မှာ ကိုယ်တိုင်ရဲ့ဖခင်ဖြစ်သူကိုဆုံးရှုံးခဲ့ရတာကြောင့် စိတ်ဒဏ်ရာရနေခဲ့သူပါ။ဒါပေမဲ့ သားဖြစ်သူကလည်း အဖေဖြစ်သူလိုမျိုး တောင်တက်တဲ့နေရာမှာ ပါရမီပါလာတာကိုတွေ့တဲ့အခါမှာ ကိုယ်ဝါသနာပါရာကိုလျှောက်လှမ်းဖို့တိုက်တွန်းခဲ့ပါတယ်။တစ်နေ့မှာ ရှောန့်အဘိုးတက်ခဲ့တဲ့ ဘယ်သူမှမတက်နိုင်သေးတဲ့ အသူရာတောင်ကြီးကို တက်ဖို့ လက်ရွေးစင်တောင်တက်အဖွဲ့တစ်ဖွဲ့က ဖိတ်ခဲ့ပါတယ်။မိဘတွေရဲ့အားပေးမှု သိပ်မရပေမယ့်လည်း ရှောန်ဟာ ဝါသနာကော အလုပ်လိုကောဖြစ်နေတဲ့အတွက် ချက်ချင်းပဲလက်ခံခဲ့ပါတယ်။ဒါပေမဲ့ တောင်ခြေကိုအရောက် တောင်တက်ဖို့ပြင်နေတဲ့တစ်ညမှာတော့တောင်ခြေမှာနေတဲ့ ရွာသူကြီးကနေ တောင်ကြီးရာဇဝင်တစ်စွန်းတစ်စကိုပြောခဲ့ပါတယ်။အဲဒီအခါကျမှ တောင်ရဲ့ dark ဖြစ်တဲ့ရာဇဝင်အကြောင်းကို သိသွားရပါတော့တယ်။ဒါပေမဲ့လည်းနောက်ဆုတ်ဖို့မဖြစ်နိုင်တော့တဲ့တစ်လျှောက် ရှောန်ဟာတောင်ကိုတက်ရင်း အံ့ဩစရာ အကျည်းတန်တဲ့အဖြစ်အပျက်တွေနဲ့ တွေ့လာရပါတော့တယ်။