ဝမ်ဆော (Lee Jae-In)၊ ဘတ်ဂျီဆောင်း (Ahn Jae-Hong)၊ ဂင်ဆွန်းညော (Ra Mi-Ran)၊ဟောရက်ဆွန်း (Kim Hee-Won) နဲ့ ဟွမ်ဂီဒုံ (Yoo Ah-In) တို့ဟာ အမည်မဲ့အလှူရှင်တစ်ဦးဆီကနေကိုယ်တွင်းအင်္ဂါလက်ခံအစားထိုးထားကြသူများဖြစ်ပါတယ်။ အဲဒီနောက်မှာ ထူးခြားလာတာတစ်ခုကတော့ကျန်းမာလာတဲ့ ခန္ဓာကိုယ်နဲ့အတူ သဘာဝလွန်စွမ်းအားတွေကိုပါ ရရှိလိုက်တဲ့ အချက်ပါပဲ…ဒီလိုနဲ့ သူတို့ငါးဦးဟာ ကိုယ်ပိုင်အမှတ်အသားကနေတစ်ဆင့် အချင်းချင်းရဲ့ ဖြစ်တည်မှုကိုသိရှိသွားပြီး အဖွဲ့ ဖွဲ့စည်းဖြစ်သွားပါတော့တယ်။တစ်ဖက်မှာလည်း ဆောယောင်းချွန်း (Park Jinyoung) ဟာ ပန်ကရိယ အစားထိုးခွဲစိတ်ပြီးနောက်မှာသဘာဝလွန်စွမ်းအားရရှိသွားပြီး သူ တစ်သက်လုံး အိပ်မက်မက်လာခဲ့ရတဲ့ immortal ဖြစ်နိုင်ဖို့အတွက်ကိုယ်တွင်းအင်္ဂါအစားထိုးထားတဲ့ ကျန်သဘာဝလွန်စွမ်းအားရှင်တွေကိုလိုက်ရှာတဲ့အခါမှာတော့…စူပါဟီးရိုးအဖြစ်နဲ့ လူတွေကို ကယ်တင်ပေးချင်တဲ့ ဝမ်ဆော၊ ဂျီဆောင်း၊ ဆွန်းညော၊ ရက်ဆွန်း၊ဂီဒုံတို့ ငါးဦးနဲ့ ရရှိထားတဲ့ စွမ်းအားကို အသုံးချပြီး ကိုယ့်လိုအင်ရမ္မက်ကိုဖြည့်ဆည်းဖို့ ကြိုးစားနေတဲ့ယောင်းချွန်းတို့ကြားက ပြိုင်ဆိုင်မှုလေးတွေကို ဟာသလေးနှောပြီး စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးဗျို့…