ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက်ခပ်ဆွေးဆွေးခပ်မျောမျောလေး ကြည့်ရှုခံစားရမဲ့ အချစ်-ဒရာမာ ဇာတ်လမ်းလေးတစ်ပုဒ်ကိုမိတ်ဆက်ပေးချင်ပါတယ်။ ရှူဒီဆိုတဲ့ကောင်မလေးဟာ ဖခင်ဖြစ်သူကြောင့် ကိုယ်ခံပညာကိုကောင်းကောင်တတ်မြောက်ထားသလို တစ်ဖက်မှာလည်း ကဗျာတွေရေးတဲ့ ကဗျာဆရာမလေးတစ်ယောက်ပါ။စစချင်းမှာတော့ သူ့ရဲ့အချစ်ဦးပုံပြင်လေးနဲ့ အစပြုထားအပြီး အချစ်ရေးနဲ့ဘ၀ရေးမှာ ရှူဒီတစ်ယောက်ဘာတွေတွေ့ကြုံခံစားရမလဲဆိုတာကို စိတ်၀င်စားစရာကြည့်ရှုကြရမှာ ဖြစ်ပါတယ်။လူငယ်တွေကြားကအချစ်၊ ဖြစ်တတ်တဲ့သဘောသဘာ၀နဲ့အတူ၊ တစ်ဖက်မှာ နူးညံ့သယောင်နဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းမငယ်လေးတစ်ယောက်ရဲ့ဘ၀ဖြတ်သန်းပုံ၊ အချစ်နဲ့ဘ၀အပေါ်ရှုမြင်ပုံတွေကို အချစ်၊ အလွမ်း၊ ဘ၀ရသစုံတင်ဆက်ပေးထားတာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…။