Netflix ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားဟာ ဒတ်ခ်ျရုပ်ရှင်ရဲ့ ဟာသနဲ့ အက်ရှင်ပေါင်းစပ်မှုကို “Hot Fuzz” လို အမေရိကန်ရဲဇာတ်လမ်းတွေရဲ့ပုံစံနဲ့ ဖန်တီးထားပြီး ဒါရိုက်တာ Carmona ရဲ့ပွဲဦးထွက်လက်ရာဖြစ်ပြီး ဝေဖန်မှုတွေရော၊ချီးကျူးမှုတွေပါ ရရှိထားတဲ့ဇာတ်လမ်းဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရိုတာဒမ်မြို့ရဲ့ လမ်းတွေမှာ ရပ်ကွက်ကို ဘေးကင်းအောင်စိတ်အားထက်သန်စွာ ကြိုးစားနေတဲ့ လုံခြုံရေးအရာရှိရာမွန်ဟာကိုကင်းအမှုတစ်ခုကြောင့် လူသေဆုံးမှုဖြစ်ပြီး ရာထူးချခံလိုက်ရတဲ့ ရဲအရာရှိဂျက်နဲ့ အလုပ်အတူတူတွဲလုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့မတူညီတဲ့စရိုက်တွေကြောင့် အလွဲအချော်လေးတွေဖြစ်လာပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတစ်ခုကြောင့် ကိုကင်းဂိုဏ်းတွေကို စုံစမ်းဖို့ဖြစ်လာတဲ့အခါ…..