The Nighthawk's First Love HD

The Nighthawk's First Love

Drama Romance HD 2022-09-16 7 98 Min

ဒီတစ်ခါ ပရိသတ်ကြီးအတွက် reality ဆန်တဲ့ ဂျပန်ဇာတ်ကားတစ်ကားနဲ့ မိတ်‌ဆက်ပေးပါရစေ။မိန်းကလေးတွေတင်မဟုတ်ဘဲ ယောက်ျားလေးတွေမှာ စိတ်မလုံခြုံမှု insecurity တွေရှိကြတာပါပဲ။တစ်ယောက်နဲ့တစ်ယောက် မျက်နှာပုံပန်းသဏ္ဍာန်၊ ဖြစ်တည်မှု အနိမ့်အမြင့် စတဲ့ မတူညီမှုတွေပေါ့…တချို့ insecurity တွေက ပြောင်းလဲလုပ်ယူလို့ ရပေမဲ့ တချို့ကျတော့ လုပ်ယူဖို့ ခက်ခဲပါတယ်။ဒီဇာတ်ကားလေးထဲမှာဆိုရင် မျက်နှာပေါ်မှာ မွေးရာပါအမှတ်ကြီး ပါလာတဲ့မိန်းကလေးတစ်ယောက်ရဲ့သနားစရာ ဘဝအကြောင်းကို ကြည့်ရှူရမှာပါ။ မိန်းကလေးတစ်ယောက်ရဲ့ အလှဟာအမျိုးမျိုးရှိတတ်ပေမဲ့ မျက်နှာကတော့ လူတွေအတွက် first impression ဆိုလည်းမမှားပါဘူး…အဲဒီ မျက်နှာပေါ်မှာ ဝက်ခြံပေါက်ရင်တောင် စိတ်မလုံမခြုံဖြစ်ဖူးကြရင်သူ့လို မွေးကတည်းက အမည်းရောင် အကွက်လိုက် ပါလာရင် ဘယ်လိုခံစားရမလဲ။အဲဒီမိန်းကလေးကငယ်ငယ်ကတည်းက အတန်းထဲမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာ‌တွေ၊သူကြုံတွေ့ခဲ့ရတာတွေကို စာအုပ်ထုတ်ရေးတဲ့အခါမှာ ပေါက်သွားပါတယ်။အင်တာဗျူးချင်တဲ့သူတွေကို ငြင်းဆန်‌ခဲ့ပေမဲ့ စီနီယာတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့်သူ့စာအုပ်ကို ဇာတ်လမ်းပြန်ရိုက်ချင်တဲ့ ဒါရိုက်တာတစ်ယောက်နဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပြီးသူ့ရဲ့ ပင်ကိုမျက်နှာကို လက်ခံတဲ့ ဒါရိုက်တာနဲ့ ချစ်မိသွားတဲ့အခါမှာတော့…ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့  ဆက်လက် ကြည့်ရှုပေးကြပါဦးနော်။