ဘရာဇီးလ်နိုင်ငံသား Lourenço ဟာ ခရီးသွားဗီဇာနဲ့ အမေရိကကို ရောက်နေပေမယ့်၊ Provincetown ဆိုတဲ့ စည်ကားတဲ့ဒေသမှာ အခြေမကျသေးဘဲ ဘဝကို ရုန်းကန်ရင်း…အချစ်၊ ကိုယ်ပိုင် identity နဲ့နေရာအသစ်တစ်ခုမှာ ဘယ်လိုရပ်တည်ရမလဲဆိုတာတွေကို ရှာဖွေနေသူတစ်ဦးပါ။Lourenço ဟာအမေရိကမှာ ရည်းစားဟောင်း Joe ကိုမေ့မရဖြစ်နေပြီး အချစ်ရေး၊ အခက်အခဲတွေ၊သစ်လွင်တဲ့မိတ်ဆွေတွေနဲ့ ကြုံတွေ့လာရပါတယ်။LGBTQIAP+ Community ရဲ့လူနေမှုပုံစံတွေ၊ ရွှေ့ပြောင်းနေထိုင်သူတစ်ယောက်ရဲ့ဘဝ၊ လူသားတွေရဲ့ဆက်နွယ်မှုတွေနဲ့ စိတ်အား ထက်သန်မှုတို့ကိုနူးညံ့စွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။Lourenço ရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ဘဝမှာ ဘယ်သူတွေနဲ့ ဘယ်လိုတွေ့မလဲ…ဘယ်လိုခံစားချက်တွေဖြတ်သန်းမလဲဆိုတာ… ကြည့်ရှုသူတိုင်းအတွက် စိတ်ဝင်စားစရာပါပဲ။