A Machu Picchu Proposal HD

A Machu Picchu Proposal

Comedy Romance TV Movie HD 2025-06-28 6.5 0 Min

ဒီရုပ်ရှင်လေးမှာ ကေတီ (Rhiannon Fish) ဟာ သူ့မောင်ဒန်း၊ ဒန်းရဲ့ချစ်သူလူစီယားနားတို့နဲ့အတူ ပီရူးနိုင်ငံကို ခရီးထွက်လာခဲ့ပါတယ်။ဒန်းက လူစီယားနားကို မာချူးပီချူးရဲ့အလှဆုံးနေရာမှာလက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားပေမယ့် လူစီယားနားရဲ့သူငယ်ချင်း စားဖိုမှူးကားလို့စ် (Alec Santos)ရောက်လာတဲ့အခါ သူ့ရဲ့အပြုအမူတွေက ဒန်းလက်ထပ်ခွင့်တောင်းဖို့ကြိုးစားတိုင်း လိုက်ဖျက်ဆီးသလိုဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာ ကေတီက အခက်အခဲတွေကြားက ကားလို့စ်ရဲ့အကူအညီနဲ့ပဲဒန်းလက်ထပ်ခွင့်တောင်းတာကို အကောင်အထည်ဖော်ဖို့ကြိုးစားပေးရင်းသူတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာပေါ်ပေါက်လာပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ရုပ်ရှင်မှာ ပီရူးနိုင်ငံရဲ့ သဘာဝအလှတရားတွေ အထူးသဖြင့် မာချူးပီချူးရဲ့ ရှေးဟောင်းအင်ကာယဉ်ကျေးမှု အမွေအနှစ်တွေကို အလှပဆုံးထည့်သွင်းရိုက်ကူးထားပါတယ် ။ချစ်ခြင်းမေတ္တာ၊မိသားစုဆက်ဆံရေးနဲ့စွန့်စားခရီးသွားလာခြင်းတွေပါဝင်ပြီး ပီရူးနိုင်ငံရဲ့ သဘာဝအလှအပတွေနဲ့အတူ ခရီးသွားလာခြင်းရဲ့အရသာကို ခံစားရမှာဖြစ်ပါတယ် ။