3 Idiots ထဲက မသိသူမရှိတဲ့ မင်းသားကြီး R. Madhavan ပါဝင်ထားတဲ့ romantic/ comedy နက်ဖလစ်ရုပ်ရှင်အသစ်လေးကို တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းအကျဉ်းအနည်းငယ်ပြောရရင်တော့ ရှရီးဟာ လူပျိုစစ်စစ်ကြီးတစ်ယောက်ပါငယ်ငယ်က မိန်းကလေးတစ်ယောက် ငြင်းတာခံရလိုက်ရတဲ့အပြင် ကျိန်စာပါတိုက်ခံလိုက်ရတာကြောင့်လားမသိ ၄၂ နှစ်အရွယ်ထိကို လူပျိုရည်မပျက်နိုင်ဘဲရှိပါတယ်အလုပ်အကိုင်ကလည်း ကျောင်းဆရာ၊ဆရာကိုမှ သက္ကတဘာသာစကားကို သင်တဲ့ဆရာဖြစ်နေတော့ ဘယ်မိန်းကလေးမှ သူ့ကို စိတ်မဝင်စားကြဘူးပေါ့တစ်ရက်တော့ သူနဲ့ စရိုက်လက္ခဏာချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်နေသူမိန်းကလေးတစ်ယောက်ကိုတွယ်ငြိမိမှပဲ သူတိုစုံတွဲဟာဆိုရင် လူ့အဖွဲအစည်းရဲ့ သတ်မှတ်ချက်တွေ၊ ကန့်ကွက်မှုတွေကိုဘယ်လိုကျော်လွှားလို အချစ်ရေးအဆင်ပြေအောင် ကြိုးစားကြမလဲဆိုတာ ပရိသတ်တိုပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး