Mr and Mrs Bachelor FHD

Mr and Mrs Bachelor

Comedy Drama FHD 2025-05-23 1 0 Min

အလွန်အေးချမ်းတဲ့ မင်္ဂလာမနက်ခင်းတစ်ခုမှာ မအေးချမ်းတာက‌တော့ သတို့သမီး‌လေးစတက်ဖီပါ မင်္ဂလာဆောင်ဖို့အချိန်ရောက်တော့မှ သတို့သားထွက်ပြေးသွားလို့ ဧည့်သည်တွေစုံ‌တော့မှပွဲဖျက်ရမဲ့ကိန်းဆိုက်နေပြီး ကူရာကယ်ရာမဲ့နေရှာပါတယ် ခင်ပွန်းလောင်းက ဒီလိုမလုပ်လောက်ဘူးဆိုတဲ့စိတ်နဲ့မင်္ဂလာဝတ်စုံကြီးဝတ်ပြီး သတို့သားလောင်းရှိတာမြို့ဆီ လိုက်သွားပါတော့တယ် သူ့ခရီးမှာ မမျှော်လင့်ဘဲဆုံစည်းခဲ့ရသူကတော့ အသက် ၄၀ ဝန်းကျင်အရွယ် ဘဝကို တစ်ကိုယ်တည်းလွတ်လပ်စွာ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတဲ့ အမျိုးသားတစ်ဦးပါ အခြေအနေအရပ်ရပ်ကြောင့် လူကြီးနဲ့ကလေးဇာတ်လမ်းစဖို့အကြောင်းဖန်လာလေတော့ လုံးဝခြားနားတဲ့ စိတ်နေသဘောထားတွေနဲ့ပန်းတိုင်တွေ ရှိကြတဲ့ သူတို့နှစ်ဦး ..တစ်ဦးက မင်္ဂလာပွဲရဲ့ ဖိအားတွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေချိန် နောက်တစ်ဦးကတော့ ဘဝကို အေးအေးဆေးဆေးရိုးရိုးရှင်းရှင်း ဖြတ်သန်းနေသူမျိုးဖြစ်နေတော့ ဟာသရသတွေ ထူးခြားတဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေနဲ့ပြည့်နှက်နေတဲ့ လမ်းတစ်လျှောက်မှာ အချစ်ရဲ့ နူးညံ့သိမ်မွေ့တဲ့ ကြည်နူးမှုလေးတွေနဲ့ကိုစောင်ကိုက်ကြည့်ရှုလိုက်ပါဦးရှင်