Thank You For Loving Me HD

Thank You For Loving Me

Action Crime HD 2025-06-06 8.3 0 Min

ဘာမဆိုပိုက်ဆံရှိရင်ရလွယ်တဲ့ခေတ်ကြီးမှာ လမ်းမှာရောက်သွားတဲ့လူငယ်လေးနှစ်ယောက်အမှားတွေကြားမှာလမ်းပျောက်ရင်း လမ်းမှန်ပြန်ရောက်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ချန်ပင်းဟာ သူတို့မြို့မှာအချမ်းသာဆုံးသူဌေးသားလောက်သွားကျပါတယ်။အဲဒီတော့ မသမာတဲ့မူးယစ်ရာဇာတစ်ယောက်သူ့ကိုသိမ်းသွင်းဖို့မျက်စိကျနေပါတယ်။ချန်ပင်းကိုအလုပ်အတူတွဲလုပ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် ချန်ပင်းကငြင်းလိုက်တဲ့အခါမှာ အောက်တန်းကျတဲ့နည်းကိုသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ချန်ပင်းနဲ့သူ့ရဲ့ချစ်သူကော်ကော်ကို သူတို့မသိလိုက်ခင်မှာပဲမူးယစ်ဆေးစွဲသွားအောင်ချန်ပင်းရဲ့လူယုံကိုသိမ်းသွင်းလိုက်တယ်။ ချန်ပင်းတို့ကိုယ်တိုင်ကသူတို့ကဆေးစွဲနေပြီးဆိုတာသိလိုက်ရတဲ့အချိန်မှာတော့ တော်တော်နောက်ကျသွားပါပြီ။ဒီလိုနဲ့သူဌေးသားလေးနဲ့ သူ့ရဲ့ချစ်သူလှလှလေးတို့ရဲ့ဒုက္ခနေ့ရက်တွေဟာတစ်နေ့ထပ်တစ်နေ့ပိုပိုဆိုးလာပါတော့တယ်