Tales from Black Manor FHD

Tales from Black Manor

Fantasy Horror FHD 2025-06-23 4.75 0 Min

Tales from Black Manor ကတော့ ၂၀၂၅ ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပြီး Lexie Findarle Trivundza နဲ့ Nick Trivundzaတို့ ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။၁၃၀၀ ပြည့်နှစ်ကနေကမ္ဘာပျက်သွားတဲ့အချိန်အထိ Black အိမ်တော်ကြီးကပုံပြင်တွေကို ပြောပြထားပြီး သေမင်းနဲ့ဆက်နွယ်နေတဲ့ Black မိသားစုရဲ့ကံကြမ္မာကို လိုက်ပါကြည့်ရှုရမှာဖြစ်ပါတယ်။Black မိသားစုဟာ သေမင်းကို လှည့်စားနိုင်တဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပြီး နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့ကြပါတယ်။ဒါပေမဲ့ တစ်ဖြည်းဖြည်း ထာဝရအသက်ရှင်ခြင်းကပျင်းစရာကောင်းတဲ့အခြေအနေဖြစ်လာပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားမှာ အလယ်ခေတ်၊ ဗစ်တိုးရီးယားခေတ်၊ ဒုတိယကမ္ဘာစစ်ကာလ၊ ခေတ်သစ်နဲ့ အနာဂတ်ခေတ်အထိအချိန်ကာလပေါင်းများစွာကို ဖြတ်သန်းပြသထားပါတယ်။အခန်းဆက်ဇာတ်လမ်းမဟုတ်ဘဲ အချိန်ကာလအလိုက် ဇာတ်ကွက်တိုတွေနဲ့ဖွဲ့စည်းထားပါတယ်။